The Love of Mine
ဒီမှာ Arjima ကျုပ်အကြွေးတွေဘယ်တော့ပြန်ဆပ်မှာလဲ"
"တကယ်မရှိသေးလို့ပါ မောင်ရင်ရယ် အတိုးလဲပုံမှန်ပေးတာပဲကွယ်"
"မလိုချင်ဘူး အတိုးရောအရင်းရော ပြန်တောင်းနေတာ ၁ပတ်အတွင်းမှမပေးနိုင်ရင် ခင်ဗျားယောကျာ်းခြေထောက်တွေရိုက်ချိုးပစ်မယ်"
"မလုပ်ပါနဲ့ကွယ် ငွေကများလွန်းတော့ နည်းနည်းတော့စောင့်ပေးပါ မောင်ရင်ရယ်"
"ဟက် ဒါဆို ကျုပ် တောင်းဆိုတာ လိုက်လျောမလား "
"ဟုတ် ပြောပါကွယ် အဒေါ်ယောကျာ်းကို တော့ဘာမှမလုပ်ပါနဲ့"
"ok ကျုပ် ခင်ဗျားတူ Kim Taehyung နဲ့ အိပ်ချင်တယ် အဲ့ကောင်လေးကမျက်မမြင်လေးမဟုတ်ရင်ကျုပ်ယူတယ် ယောကျာ်းလေးတန်မယ့်လှလွန်းလို့မြည်းစမ်းချင်မိတာ ဟား ဟား"
"ဟင် ဒါကတော့....."
"ခင်ဗျားအကြွေးတွေအကုန်လျှော်ပေးမှာနော် သေချာစဉ်းစားပေါ့ မဟုတ်ရင်ခင်ဗျားယောကျာ်းကိုရိုက်သတ်လို့လဲရတယ်နော်"
"ကောင်း ကောင်းပါပြီ အဒေါ်စီစဉ်ပေးပါ့မယ် "
"မနက်ဖန် ကျုပ်လာခဲ့မယ် အလှလေးကိုမြည်းစမ်းဖို့ ဟား ဟား ဟား"
-
-
-
ဒီနေ့သိုးမွှေးဆိုင်သွားဖို့ Jeon လာခေါ်မှာမို့ ရေမိုးချိုးပြင်ဆင်ကာ အသင့်စောင့်နေမိသည် Jeon ကပဲနောက်ကျနေသလား ကျွန်တော်ပဲစိတ်စောနေသလားမသိ မျှော်နေတဲ့ကားသံလေးမကြားရသေး ကျွန်တော်ပဲစိတ်စောတာနေမှာပါလေ Jeon ကဘယ်လောက်တောင်အချိန်တိကျတတ်လဲအသိဆုံး တွေ့ရဖို့ဆိုအမြဲစောစောတောင်လာတတ်သည်လေ ထိုစဉ် တံခါးခေါက်သံ ကြားရသောကြောင့်
အဒေါ်လားမသိဘူး
"လာပါပြီ ...... အင့်.." ရုတ်တရက် ဆွဲဖက်ခံလိုက်ရသဖြင့် လန့်သွားသည် အရက်ခိုးငွေ့နံ့တွေပါရသဖြင့်လလူကလိပ်ပြာလွင့်မတက်
"ဘယ်သူလဲ လွှတ်ပါ အင့် လွှတ်လို့ " အတင်းရုန်းကန်နေသော်လည်းအားချင်းကမမျှ