Epi-8

5.1K 484 12
                                    

The Love of Mine

Jungkook တစ်ယောက် မျက်နှာပေါ်ကိုနေ​ရောင်ခြည်ကျတော့မျက်စိကျိန်းကာနိုးလာတယ် ရင်ခွင်ထဲကအကောင်ပေါက်လေးကတော့ အိပ်တုန်း

အိပ်မောကျနေတဲ့Taeလေးမျက်နှာလေးကိုသေချာကြည့်ရင်း လက်ညိုးလေးနဲ့ နဖူးပြေပြေလေးရယ် နှာတံချွန်ချွန်ထိပ်ကမှဲ့ညိုညိုလေးရယ် ပြီးတော့ စူစူရဲရဲ နှုတ်ခမ်းဖူးလေးတစ်လျှောက် ကိုင်ကြည့်နေမိတယ်

မနက်နိုးနိုးချင်းချစ်သူမျက်နှာလေးမြင်ရတာဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်လဲလို့တွေးရင်း Taeမျက်နှာလေးကို ရွှန်းရွှန်းစားစားကြီးကြည့်နေလေသည်

ခဏကြာတော့ အပျင်းကြောလေးဆန့်ရင်းTaeလေးနိုးလာတော့

Jungkookမသိမသာငြိမ်ပြီးအိပ်ချင်ယောင်ဆောင်နေလိုက်တယ်

"Jeon ထတော့လေ ဘယ်ချိန်တောင်ရှိပြီလဲမသိဘူး Jeon " 

Jungkookလဲပြန်မထူးဘဲဆက်ငြိမ်နေစဥ် 
နဖူးပေါ်ကို ကျလာတဲ့ အနမ်းဖွဖွလေး နောက်ပြီးအသံတိုးတိုးလေးနဲ့

" ချစ်တယ် Jeon"

"Imm ကိုယ်လဲချစ်တယ် Tae"

"ဟာ Jeonနော် ကျွန်တော်ကJeonအိပ်နေတုန်းထင်လို့ အကျင့်မကောင်းဘူးကွာ"

"ဟား ဟား Taeလေးကလဲကိုယ့်ချစ်သူကိုချစ်တယ်ပြောတာပဲ ရှက်နေရသေးတယ် တကယ့်ကလေး"

ရှက်သွေးဖြာနေတဲ့ ချစ်သူလေးရဲ့ မျက်နှာနီတာရဲလေးကို အနမ်းပေးဖို့ ရှေ့တိုးလိုက်စဥ် .....

ဒေါက် ဒေါက် ဒေါက်

"ဆရာ  နိုးပြီလားခင်ဗျာ ကျွန်တော်တို့ ဘထ္ထရီတုံးဌားလို့ရလာပြီ မနက်စာလဲအသင့်ပြင်ပြီးပါပြီ "

လာပြီ သာသနာဖျက်တွေ Taehyungကအပြင်ကအသံကြားသည်နှင့်ဆတ်ခနဲ ရုန်းထွက်သွားသည် Jungkook လဲစားရခါနီးသစ်သီးကိုပုတ်ချခံရသကဲ့သို့ဒေါခီးပြီး

"အေးဟေ့ ကျေးဇူးပဲကွာ လာပြီ အခုပဲ "

"ဟင်မ်း တကယ့်မနက်စာလေးကမင်းတို့လုပ်မှလွတ်သွားတာ" တစ်ယောက်တည်းပွစိပွစိနဲ့မြည်တွန်တောက်တီးနေမိတော့တယ်

The Love Of Mine  🄲🄾🄼🄿🄻🄴🅃🄴Where stories live. Discover now