Epi-9

4.9K 459 15
                                    

The Love of Mine

"Hoseok oppa!"

" ဘာလဲ Yumiရာ ငါ့နားတော့ကွဲပြီလားမသိဘူး ပြော"

"Jungkook Oppaကဘယ်လိုခြေလှမ်းတွေပျက်နေတာ Oppaလဲသိတယ်မလား ဘာလို့မထိန်းရတာလဲ Yumiနဲ့လူကြီးချင်းစေ့စပ်ထားတာလဲ Hoseok Oppaလဲသိနေတာပဲ"

"နေပါဦး Yumiရဲ့ Jungkookကခြေလှမ်းပျက်တယ်ပြောရအောင် မင်းနဲ့ရည်ငံနေပြီးမှတခြားသူနဲ့ဖောက်ပြန်တာမှမဟုတ်တာဘဲ လူကြီးချင်းစေ့စပ်ထားရုံအခြေအနေလေ ပြီးတော့ Yumiလဲအစောကြီးတည်းကရည်းစားတွေထည်လဲတွဲ Clubတွေ Barတွေတက်နေတာ Jungkookဘက်ကဘာတစ်ခွန်းပြောဖူးလဲ "

"အို အဲ့ဒါလူငယ်ပီပီလွတ်လွတ်လပ်လပ်နေတာပဲ အချိန်တန်ရင်Yumiလက်ထပ်မှာJungkook Oppaပဲမို့လား "

"မင်းတောင်လွတ်လွတ်လပ်လပ်နေချင်တာ  ယောကျာ်းလေးဖြစ်တဲ့ငါ့ညီကပိုတောင်နေသင့်သေးတယ် ပြီးတော့ Yumi မင်းတို့နှစ်ယောက်လုံးက ငါ့ရှေ့မှာပဲကြီးပြင်းလာတဲ့ ကလေးတွေ ငါ့ညီတွေ ညီမတွေပါပဲ အချစ်မပါတဲ့အိမ်ထောင်ရေးကဘာများကောင်းမှာလဲ ဘယ်လောက်များရေရှည်ခံနိုင်မှာလဲ"

"မသိဘူး မသိဘူး Choi Yumiတစ်ယောက် စေ့စပ်ထားတဲ့သူကပစ်သွားပါတယ်ဆိုပြီးအပြောမခံနိုင်ဘူး ဟက် ပြီးတော့ မျက်မမြင်ကောင်ဆီမှာမရှုံးချင်ဘူး ဒါပါပဲ သွားလိုက်ပါဦးမယ် Jung Hoseok Shii"

" ကြွပါဗျာ "
    _ _ _ _ _ _ The Love of Mine_ _ _ _

Jungkookခွေးလေးကိုဆေးထိုးဖို့မြူရင်းချော့ရင်း အလုပ်များနေသည်

တစ်မနက်လုံးလာလိုက်တဲ့ ခွေးမမာ ကြောင်မမာလေးတွေ ထိုင်ရတယ်ကိုမရှိ

ဟူးး ဒါမယ့်တော်ပါသေးတယ် အမောပြေအသည်းအသက်လေးကဘေးနားနေခန်းမှာတင် အရင်လိုအိမ်အထိပြေးတွေ့စရာမလိုအောင် အနားခေါ်ထားခြင်းသာ

ဟိုအပေါက်ဆိုးဆိုး အဒေါ်ဆီကလဲပွစိပွစိလုပ်တာမခံရတော့ဘူးပေါ့  ဆေးခန်းပိတ်ချိန်ရောက်တော့မှ လက်အိတ်တွေဘာတွေချွတ် ပိုးသတ်ဆေးဖြန်းကာ ဘေးနားနေခန်းဆီကိုအမြန်ဦးတည်လိုက်သည် တံခါးဖွင့်လိုက်တော့

ကျွန်တော့်အနွေးထည်ပွပွကြီးကိုခြုံရင်းသိုးမွှေးထိုးနေသောTaeလေး နဂိုတည်းကကျွန်တော်နဲ့ယဥ်ရင် လူကောင်သေးတဲ့ Taeလေးက Oversizeအနွေးထည်အောက်မှမြုပ်လုလု

The Love Of Mine  🄲🄾🄼🄿🄻🄴🅃🄴Where stories live. Discover now