The Love of Mine
မနက်ခင်းစောစောမှာ Jungkookကတော့ မနက်ခင်းအလှလဲမခံစားနိုင် ငှက်ကလေးတွေသီချင်းဆိုတာလဲနားမစဉ်အား သူ့ရဲ့တစ်ဉီးတည်းသော Taeလေးကိုပေါင်ပေါ်တင်ကာ မနက်စာခွံ့လိုက် နှုတ်ခမ်းထောင့်လေးတွေပေသွားရင်သုတ်ပေးလိုက်ဖြင့်သာအလုပ်ရှုပ်နေလေသည်
"Jeon ဒီနေ့ဆေးခန်းသွားရမယ်မလား ကျွန်တော်လဲလိုက်မယ်နော်"
"ဒီနေ့တော့လိုက်လို့မရဘူး Taeလေးရဲ့ operation လုပ်ပေးရမယ့် ခွေးလေးတွေရှိတော့ကြာမှာ ပြီးတော့ ကိုယ်ခြံတွေဘက်လဲသွားရမှာဆိုတော့ Taeလေးကိုဂရုမစိုက်နိုင်မှာစိုးလို့ ပင်လဲပင်ပန်းပါတယ် Taeရယ်"
အရင်ကဆိုစိတ်ပြေလက်ပျောက်သူပဲခြံတွေဆီသွားရင်ခေါ်နေကြ ဆေးခန်းထိုင်လဲ အမောပြေ Taeလေးရှိမှဆိုပြီးအမြဲခေါ်နေကြ ခုတလောမှ Jeonဘာဖြစ်တယ်မသိ ကိုယ်တိုင်လဲ Jeon မခေါ်ချင်တာ အတင်းအကြပ်မလိုက်ချင်ပါ
"Tae လေး tannieကို ကိုယ်အစာကျွေးခဲ့ပြီးပြီနော် Tae သိုးမွှေးထိုးရင်ထိုး အကြာကြီးတော့ မထိုင်နဲ့နော် အညောင်းမိမယ် မကြာမကြာလမ်းလျှောက်ပေး သိလား Taeလေး ပျင်းရင်နားထောင်ဖို့အသံသွင်းပေးခဲ့တယ်နော် ဟိုနေ့ကဝတ္ထုအဆက်ပဲ ဪ နေ့လည်စာလဲစားဉီးနော် နောက်မကျစေနဲ့ ညစာကကိုယ်ပြန်လာရင် Taeလေးစားချင်တာချက်ပေးမယ်နော်"
ဆေးခန်းသွားရင်အရင်လိုမခေါ်တော့ပေမယ့်ဂရုစိုက်တာတော့တစ်စက်လေးမှမလျော့တော့ စိတ်ပူစရာမရှိသော်လည်း တစ်နေကုန်မတွေ့ရ၍ခုတည်းကလွမ်းချင်ချင်
"အင်းပါ Jeonရယ် ကျွန်တော့်ကိုစိတ်ချပါ Jeonလဲကိုယ့်ကိုကိုယ်ဂရုစိုက်နော် အလုပ်ကိုပဲအာရုံစိုက်ပြီးနေ့လည်စာလွတ်တာမျိုးမဖြစ်စေနဲ့ဉီး"
"ဟုတ်ကဲ့ပါဗျာ ကိုယ်သွားတော့မယ် Taeလေး မီးခလုတ်တွေသတိထားနော် ရေများများသောက် ရှုးများများပေါက်ပေးနော် ကလေး"
"ဟာ ဘာတွေမှာနေမှန်းမသိဘူး သွားတော့ နောက်ကျမယ်"
"ဟ ဟား ဟုတ်ပါပြီ တစ်နေကုန်အားရှိအောင် kissလေးပေးပါဉီး"