The Love of Mine
Jungkook တစ်ယောက် Taeလေးမျက်စိကိုအမြန်ဆုံးကုသပေးချင်တာကြောင့် ဆေးခန်းလဲထိုင် မွေးမြူရေးခြံတွေလဲ ပိုလက်ခံလိုက် Juniorတွေကိုလဲအချိန်ပိုင်းစာပြနဲ့ ပင်ပန်းရကောင်းမှန်းမသိ ပိုက်ဆံတွေသိမ်းကြုံရှာနေမိသည်
အဖေဖြစ်သူမှာ မြို့မျက်နှာဖုံး လူချမ်းသာစာရင်းဝင်သော်လည်း အဖေသဘောကျ companyကိုဆက်ခံခြင်းမလုပ်ဘဲဝါသနာကိုသာရွေးခဲ့တာကြောင့် ရလဒ်ကတော့အဖေဆီမှာ ထောက်ပံ့ခြင်းမရခဲ့ တော့
တစ်ယောက်တည်းဆိုအကြောင်းမရှိ Taeလေးမျက်စိကုသစရိတ်ကခေါင်ခိုက်နေတော့ ကြိုးစားရှာနေရခြင်း အခုလဲ juniorတွေကိုစာပြပြီးအပြန် ကျောင်းသူတစ်ယောက်ကရေမွှေးကိုနင်းကန်ဆွတ်ထားသော်ကြောင့် ခေါင်းကလဲမူး နောက်ကျလို့ ဗိုက်ကလဲဆာ တစ်ခုခုဝယ်စားလို့ရပေမယ့် Taeလေးကိုတွေ့ချင်လှပြီ Taeလေးမျက်နှာမြင်မှအမောပြေပြီးထမင်းစားဝင်တော့မယ်ထင်ပါရဲ့....
အိမ်ပြန်ရောက်တော့ ခါတိုင်းလိုမီးမထွန်းထား ပုံမှန်ဆို ကျွန်တော်မမြင်ရပေမယ့် Jeonအမောပြေအောင်တဲ့လေ အခုဘာများဖြစ်တာပါလိမ့် စိတ်ပူပူဖြင့် Taeကိုတကြော်ကြော်ခေါ်ရင်း အခန်းထဲဝင်လိုက်တော့ ဖန်ကွဲစတွေပြန့်ကျဲလို့
"Taeရေ ဘယ်မှာလဲဟင် ဘာတွေဖြစ်ထားတာလဲ"
Taehyung တစ်ယောက် Jeon ခေါ်သံကြားပေမယ့် ပြန်မထူးမိ နေ့လည်ကကိစ္စကြောင့် အိပ်ယာထဲပင်ခွေနေမိတယ်
"ဟင် Taeလေး အိပ်နေတာလား ကိုယ်လာတာတောင်မသိဘူး နေများမကောင်းဘူး Taeလေးရယ် မှန်း"
Jeonအနားရောက်လာတော့ ရလိုက်တဲ့အနံ့က Jeonကိုယ်သင်းနံ့မဟုတ် မိန်းမရေမွှေးနံ့ပြင်းပြင်း ထို့ကြောင့် နဖူးကိုလာစမ်းတဲ့Jeonလက်ကိုပုတ်ထုတ်လိုက်ပြီး
"Jeon ဘယ်ကပြန်လာတာလဲ"
Jungkook လဲ Taehyung ကိုနားမလည်စွာကြည့်ရင်း
" ဆေးခန်းကပေါ့ Taeလေးရယ် ဘာလဲ ကိုယ်နောက်ကျလို့ ကိုယ့်သဲလေးကစိတ်ကောက်နေတာထင်တယ်"
"ကျွန်တော် ဆေးခန်းဖုန်းကိုဆက်တယ် ကိုင်မယ့်သူမရှိဘူး"