Epi-1

11.7K 690 12
                                    

The Love of Mine

မတွေ့ရတာ၁၅နှစ်ကျော်ကြာပြီဖြစ်တဲ့ အဖေနဲ့အမေ
နောက်ဆုံးအကြိမ်တွေ့တုန်းကအတိုင်းနုပျိုမြဲ... ပြုံးလျက်ကျွန်တော့်ကိုကြည့်နေတယ်

"အမေ နဲ့အဖေ ဘယ်တွေသွားနေတာလဲ သားကိုစောင့်ပါဦး"

အော်​ခေါ်ရင်းပြေးလိုက်မိတယ် အမေနဲ့အဖေနဲ့ကတော့ ကျွန်တော့်ကိုပြုံး၍ကြည့်မြဲသာကြည့်နေတယ်

အားကုန်ပြေးသွားသော်လည်း အနားမရောက်နိုင် ဝေးမြဲဝေးနေဆဲ ထိုစဥ် မျက်စိကျိန်းလောက်အောင်အလင်းတန်းကြီးဖြာကြလာပြီး

"မဖြစ်ဘူး အဖေ ...အမေ.....သားကိုစောင့်ပါဦး သားလိုက်ခဲ့မယ် " အဖေနဲ့အမေကတော့ တရွေ့ရွေ့အလင်းတန်းကြီးနဲ့အတူ ပျောက်ကွယ်သွားတယ်

အသံကုန်အော်ခေါ်သော်လည်း လည်ချောင်းထဲမှာဘာအသံမှထွက်မလာ ချွေးစီးများရွှဲနစ်ပြီး
ဆတ်ခနဲ နိုးလာခဲ့သည်

ပတ်၀န်းကျင်ကတော့အမှောင်အတိ.... အိပ်မက်မှနိုးထပြီးအတော်ကြာထိမောဟိုက်နေတုန်း ရင်တွေလဲတုန်ပြီးမျက်ရည်တွေစိုစွတ်လာတယ် Kim Taehyungရေ မင်းတစ်ယောက်တည်းကံဆိုးစွာနဲ့ဒီဘဝကြီးမှာဘယ်အချိန်ထိဆက်နေရဦးမှာလဲ

Taehyungတစ်ယောက်သူ့ဘဝအကြောင်းတွေးရင်းအိပ်ယာမှချက်ချင်းမထဖြစ် သတိ၀င်လာတော့ ဟာသွားပြီ နောက်ကျပြီထင်တယ် Alarmသေချာပေးထားတာ သူပဲမကြားမိသလား မမြည်ဘဲမမြည်သလား

Taehyungအိပ်ယာကိုလက်နဲ့လျှောက်စမ်းကြည့်တော့ ခြေရင်းနားမှာ Tannieလေးကပုံ့ပုံ့လေးခွေအိပ်ဆဲ

ဟူးးး တော်ပါသေးရဲ့ ပတ်၀န်းကျင်ကလဲတိတ်ဆဲနေဆဲ Tannieလေးကအပြင်ကအသံကြားတာနဲ့ ထယ်ယောင်းကိုလာနှိုးနေကြ အခုသူလေးတောင်အိပ်နေတုန်းဆိုတော့ Taehyungအိပ်မက်တွေမက်ပြီးစောနိုးနေမိတာပါလေ

စောနိုးတဲ့အတူတူတော့ ဆက်မအိပ်တော့ဘဲ အပြင်သွားဖို့ပြင်ဆင်ဖို့ထလိုက်တယ် နေလာတာကြာပြီဖြစ်တဲ့အခန်းမှာတော့ Taehyungအကူအညီမလိုဘဲတစ်ယောက်တည်းသွားလာနိုင်တယ်

သဘက်တစ်ထည်ပုခုံးပေါ်ကောက်တင်ပြီးရေချိုးခန်းထဲမှာမျက်နှာသစ်ကိုယ်လက်သန့်စင်လိုက်တယ် မျက်နှာသုတ်နေရင်း Tannieရဲ့ ခြေသည်းသံ ဂျက်ဂျက်ဂျက်လေးကြားလိုက်တယ်

The Love Of Mine  🄲🄾🄼🄿🄻🄴🅃🄴Место, где живут истории. Откройте их для себя