The Love of Mine
တံခါး Bellသံကြားလို့သွားဖွင့်တဲ့အခါ
"ဟင် Omma...ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"
"Omma အကုန်သိပြီးပြီ ဖယ်ပေး အထဲဝင်မယ်"
"Omma သားလေ ရှင်းပြပါ့မယ် ကြိုမပြောဘူးဆိုတာကလေ..."
"Jeon JungKook"
"ဟုတ်ကဲ့ Omma"
"မင်းဘယ်တုန်းကအဲ့လောက်လျှာရှည်တတ်သွားရတာလဲ ဘယ်မှာလဲ ပြော"
"ဘာကိုလဲ Ommaကလဲ"
"Jeon Jungkookရူးချင်ယောင်ဆောင်မနေနဲ့ ငါ့သားမက်လောင်းလေးကိုမေးနေတာ ဘယ်မှာလဲ"
"ဗျာ... အဲ Taeကအိပ်နေလို့"
"ဪ အိပ်ပါစေ အိပ်ပါစေ Ommaစောင့်လိုက်မယ်"
"ဒါနဲ့ Ommaက ဘယ်ကဘယ်လိုသိတာလဲ ပြီးတော့သားကိုစိတ်မဆိုးဘူးလား"
"ဘာစိတ်ဆိုးစရာလဲ သားရယ်"
"ဟို သားချစ်သူကယောကျာ်းလေးဆိုတော့"
"အမယ်လေးသားရယ် Ommaလဲခေတ်အဖွားကြီးပါနော် ရှေးရိုးစွဲကြီးမဟုတ်ပါဘူး သားချစ်တဲ့သူပဲ Ommaလဲချစ်ရမှာပေါ့ Ommaကဟိုစက်ကော့လက်ကော့ yumiနဲ့ရသွားမှာပိုတောင်စိုးရိန်သေး မင်းအဖေတို့အတင်းစီစဉ်လို့သာ"
"ကျေးဇူးတင်လိုက်တာ Ommaရယ် ပြောပါဉီး ဘယ်လိုသိတာလဲဟင်"
"Yumi ကသူ့အဖေကတစ်ဆင့်လာတိုင်တယ်လေ မင်းအဖေကတော့နည်းနည်းစိတ်ဆိုးနေတယ် သူကတော့သိတယ်မလား သူ့စီးပွားရေးpartnerဖြစ်တာရော Yumiတစ်ဖက်သတ်ထောင်တာတွေနားထောင်ထားတာကို
Ommaက Hoseokကိုလဲမေးပြီးပြီ လူကောင်းလေးမို့ဘာမှကန့်ကွက်စရာမရှိဘူး သားတို့ကကာယခံရှင်တွေ သားစိတ်ချမ်းသာဖို့ကအဓိကပဲ"
"နားလည်ပေးလို့ကျေးဇူးပါ Ommaရယ် Ommaခဏနော် သား Taeကိုသွားနှိုးလိုက်ဉီးမယ်နော်"
"အေးပါအေးပါ"
-
"ဟင် Taeလေးကနိုးနေတာလား ကိုယ့်ကိုခေါ်လိုက်တာမဟုတ်ဘူး"
"ဟုတ် ကြောက်လို့ Jeonမေမေရောက်နေတာမလား"
"ကိုယ်ရှိတာပဲ Taeလေးရယ် လာ မကြောက်နဲ့နော်"