The Love of Mine
Jung Hoseok တစ်ယောက် အိမ်လုပ် kimchiဘူးကြီးမကာ ညီဝမ်းကွဲလေးအတွက်ပေးရန်ထွက်လာခဲ့သည်
Jungkookအိမ်သို့ဦးတည်ပြီးမှသတိရတာ ဆေးခန်းဖွင့်ရက်မလား ထားလိုက်ပါ ပြန်မကွေ့ချင်တော့ Jungkookမရှိလဲ အရှေ့တွင်သာ ချထားခဲ့တော့မယ် Hoseok အခန်းရှေ့ရောက်တဲ့အခါ Taehyungရဲ့ခွေးလေးကအခန်းအပြင်မှ တအီအီအော်ကာ တံခါးကိုလက်ဖြင့်ယက်နေတာ အသည်းအသန်ပဲ Jungkookတို့မရှိလဲခွေးလေးကတော့ အိမ်ထဲမှာထားခဲ့ရမှာပေါ့ တံခါးကို Bellတီးတော့လဲ ဘယ်သူမှတံခါးလာမဖွင့် Jungkook ဆီဖုန်းအမြန်ဆက်ရတော့သည်
"Hello"
"အေး Junkook ဘယ်မှာလဲ Hyungက kimchiလာပေးရင်းဝင်လာတာ ဒီရောက်တော့ ခွေးလေးကအပြင်ရောက်နေတာနဲ့လေ"
"Umm Taeရှိတယ်လေ Hyungရဲ့ ကျွန်တော်ကတော့ဆေးခန်းမှာပေါ့ "
"ငါ Bell တီးနေကြာနေပြီ တံခါးလာမဖွင့်ဘူးကွ"
"ဟာ Tae တစ်ခုခုများဖြစ်နေတာလားမသိဘူး Tannieကလဲဘာလို့အပြင်ရောက်နေရတာလဲ Hyungအရင်ဝင်သွားလိုက်ပါ ကျွန်တော်လဲအခုလာပြီ Door lock pinက @??????"
"အေး အေး ဟုတ်ပြီ"
Hoseok တံခါးကိုဖွင့်ဝင်သွားတဲ့အခါ Gasနံ့တွေမွှန်ထွန်နေပြီး Taehyungကလဲသတိလစ်နေပြီ လက်ကိုင်ပုဝါနဲ့ နှာခေါင်းကိုအုပ် Gas အိုးဘားကိုအမြန်ပိတ်ကာ Taehyungကိုယ်ကိုမနိုင်တနိုင်ဆွဲထုတ်လာရသည် ကိုယ့်ခန္ဓာကိုယ်ကလဲသေးသေးမို့ ထင်သလောက်မရွေ့ အခန်းအပြင်ရောက်မှ လုံခြုံရေးခေါ် အကူအညီတောင်း ခွေးလေးကို ခဏအပ်ခဲ့ Taehyungကိုလဲ ဆေးရုံပို့ဖို့လုပ်ရတော့သည် ၃မိနစ်ကြာသည်နှင့်ဆေးရုံကားရောက်လာကာ လိုအပ်သည့် oxygen ပေး ကားပေါ်တင်လုပ်ပြီးမှ Jungkook ဆီ အကျိုးအကြောင်းပြောကာ ဆေးရုံသို့ခေါ်ရသည်
-
-
"Hyung Taeရော Taeရောဟင်"
စိုးရိန်တကြီးဖြင့်ဖရိုဖရဲပြေးလာသော Jungkook ဖိနပ်တစ်ဖက်ကဘယ်နားကျွတ်ကျန်ခဲ့လဲ သူ့ကိုယ်သူလဲသိမည်မဟုတ်
"အခုထိတော့ သတိမရသေးဘူး စိုးရိန်စရာတော့မရှိတော့ဘူးပြောတယ် Gas အိုးကကုန်ခါနီးမို့ တော်သေးတာပေါ့ကွာ"