Chapter 1

12.7K 575 16
                                    


ဟော်လန်ပန်းခင်း နီနီတွေကြား မတ်တပ်ရပ်နေသည့် ယောက်ျားသားနှစ်ယောက်။အရှေ့က ကျောခိုင်းထားသူနှင့် အနောက်မှ ကျောပြင်ကျယ်ကျယ်အား ငေးကြည့်နေသူကတစ်ယောက် ။ရင်ထဲက နာကျင်မှုတွေက ကပုံစံ မတူကြပေမဲ့ နှလုံးသားထဲကနာကျင်မှုကတော့ ထပ်တူပင်ဖြစ်လိမ့်မည်။

"ခင်ဗျား သစ္စာမဲ့တယ် နှင်ငယ်"

"မဟုတ်ဘူး မောင် ကျုပ် မှားခဲ့ပေမဲ့ သတိ  မရှိခဲ့လို့ပါ ကျုပ်ကိုယ်လွတ်မရုန်းနိုင်ခဲ့လို့ ပါ ကျုပ် မောင့်အပေါ်သစ္စာမပျက်ခဲ့ပါဘူး"

စိမ့် အတွေးတွေ ထဲ၌ အချင်းအရာ တစ်ခုသာ အကြိမ်ကြိမ် ကြီးစိုးနေခဲ့သည်။မောင် ငိုမှာ သူသိပ်ကြောက်သည်။မောင်နာကျင်မှာ သူသိပ်ကြောက်သည်။မောင် မုန်းသွားမှာကို ပိုလို့တောင် ကြောက်ပါသည်။

"စိမ့်နှင်ငယ်.....ခင်ဗျားရက်စက်တယ် မမကြီး ကျုပ်ကို အကြောင်းစုံ ပြောပြပြီးပြီ တကယ်တော့ ခင်ဗျားက သိပ်မိုက်ရိုင်း တယ် သိပ်အောက်တန်းကျလွန်းတယ် နှင်ငယ် ...... ကျုပ်‌ရှေ့ကထွက်သွားပါတော့ဗျာ "

မောင်က ကျုပ်အတွက်တော့အရာရာ ပါပဲ။မောင့်နှုတ်ဖျားက ထွက်သမျှ စကားတိုင်းဟာ ကျုပ်အတွက် အမိန့်ပဲ။အဆင်အမြဲ ခစားနေတဲ့ ကျုပ် ဒီအမိန့်ကို မခံယူချင် ။ဟော်လန်ပန်း နီနီ တို့အားငေးကြည့်နေသည့် မောင်သည် ကျုပ််ကိုတော့ကျောခိုင်းထားသည်။ကျုပ် ရန်ကုန်သူနောက်ကို လိုက်သွားရတော့မည် ဟိုမှာ လက်ထပ်ထိန်းမြားပြီး မောင်နဲ့ တစ်သက်လုံး ခွဲခွာရတော့မည်။

"မောင်! ကျုပ်ထက် မမကြီးကို ပိုယုံသလား"

"ကျုပ် မယုံချင်ပါဘူး ဒါပေမဲ့ ကျုပ်မျက်လုံးနဲ့ မြင်ခဲ့တာလေခင်ဗျားရယ် ကျုပ်မျက်လုံးတွေ ဖောက်ထုတ်ပစ်လိုက်ချင်တယ်"

အဆုံးသတ်၌ တုန်ယင်နေသည့်အသံ သူနားတွေ ပိတ်ထားလိုက်မိသည်။မောင့်ကို မငိုစေချင်ပါ သူကိုယ်တိုင်လဲ မောင့်ရှေ့ပြိုလဲ ပြမှာ မဟုတ်ဘူး တစ်ယောက်ကနာကျင် ရင် တစ်ယောက်က ပူလောင်လွန်းတယ်လေ။

"ကျုပ် ..... မောင့်ကိုချစ်တယ် မောင် အိမ်ပြန်လမ်းဖြောင့်ဖြူးပါစေ ကျုပ်အိမ်ထဲဝင်ပါတော့မယ်"

မောင့်ချစ်သူ(Complete)Where stories live. Discover now