Chapter 13

3.2K 235 19
                                    

ဧည့်ခန်းထဲ ၌ မိသားစု လူစုံစွာ မျက်နှာ ချင်းဆိုင်နေကြတာဖြစ်သည်။အားလုံးထဲမှာ မှ ဖေဖေကြီးကအရင်ချောင်းဟန့်ကာ စကားစဆိုတော့သည်။

"ကျုပ်တို့ အနေနဲ့ မျိုးရိုးဂုဏ်၊စီးပွားဂုဏ် ဂုဏ်မှန်သမျှ ကို ခဝါချပြီး သားအဖေ သားရှင် အဖြစ်နဲ့ ဒီက စိမ့်မဟာနဲ့ ရှင်လွန်းငယ်တို့ကို ခွင့်တောင်းပါရစေ စိမ့်နှင်ငယ်လေးကို ကျုပ်တို့သားငယ် ပတ်သ်ထရစ်နဲ့ လက်ထပ်ခွင့်ပြုပေးပါလို့ တောင်းရမ်း ပါရစေ"

"ကျုပ်တို့ အနေနဲ့ သားစိမ့်လေးသာ လက်ခံမယ်ဆို ထွေထွေးထူးထူး ငြင်းဆို စရာမရှိပါဘူး"

"မိသား ဖသားပီပီ ကျုပ်တို့ကတင်ကာတောင်းမှာပါ သားနှစ်ယောက်လက်ထပ်ပြီးရင် ရန်ကုန်က စက်ရုံ နှစ်ရုံရယ် ပြင်ဦးလွင်က
ဂိုထောင်ရယ် နောက်တစ်ခုက ပန်းစိုက်ခင်းနဲ့ အိမ်ကို လည်း ပြန်ပေးမှာပါ သားတို့ကိုတော့ ဒီမှာပဲ ခေါ်ထားချင်တယ်"

မေမေကြီးက မျက်နှာငယ်လေးဖြင့် ဖြစ်နိုင်ရင် အားလုံးတင်ပြီးတောင်းဆိုရင်တောင် တင်တောင်းလိုက်မယ် သူမသားနဲ့မခွဲနိုင်ဘူး။သားငယ်လေးအတွက် သူမအတ္တတွေ အကုန်ခဝါချချင်ချမယ် သားငယ်လေးနဲ့မခွဲနိုင်ဘူး ။
အဲ့အတွက် ဘယ်သူ့ကို ဘယ်လိုပဲတောင်းပန်ရ တောင်းပန်ရ တောင်းပန်ဖို့ ဝန်မလေး

"ဟို အဲ့ဒါကကျုပ်တို့မှာ ဒီသားလေးတစ်ယောက်ပဲ ရှိတော့"

"ရှင်လွန်းရယ် ကျုပ်တို့သားလေး အိမ်ကြီးမှာ နေရမှာ ဘယ်လောက်တောင် ဂုဏ်ရှိမလဲ သခင်လေးနဲ့ နေခဲ့ပါစေ ဒီမှာ ဆို အလုပ်အကိုင်အတွက်လည်း စိတ်ပူစရာမလိုဘူး"

စိမ့်အနေနဲ့ ဘာမှ ဝင်မပြောဖြစ်ခဲ့ဘူး သူ့အနေနဲ့ ရွေးချယ်ခွင့် မရှိသလိုခံစားနေရတာတော့အမှန်ပဲ။မေမေကြီးတို့က မောင့်ကို ဘယ်လောက်သိပ်ချစ်လဲ ဆိုတာ သူသိသည်။မောင် ကသူရှိမဲ့ နေရာကို ဘယ်နေရာမဆိုလိုက်မှာ လဲသိတယ်။အိမ်ကိုသာ မောင်လိုက်လာရင် အနေဆင်းရဲ မှာ ကအသိအသာကြီးပြီး။ပြီးတော့ မမကြီးကအငယ်လေးတွေ ပဲ ရှိတဲ့အချိန်ဆို အငယ်လေးတွေကို အန္တရာယ်မပြုဘူးလို မပြောနိုင်ဘူး။

မောင့်ချစ်သူ(Complete)Where stories live. Discover now