မောင့်တောင်းဆို ချက်လေးကြားတော့ ကျုပ်မှာ ဝေခွဲ ရခက်ရသည်။ကျုပ်လက်ခံရမလား မောင်လက်ထပ်မှာ ကိုစောင့်ရမလားပေါ့
မောင့်ရဲ့ မဟူရာရောင်တောက်နေသည့် မျက်စံလေးတွေကိုကြည့် ပြီး ပြုံးပြလိုက်မိသည်။"မောင် .....ကျုပ်သဘောတူတယ်"
လက်သန်းကြွယ် ထက် ရောက်လာသည့် လက်စွပ်ငယ်လေးအား ကြည့်နေမိသည်။တန်ဖိုးကြီးလွန်းသည်ေကြာင့်စိမ့်ငြင်းချင်သော်လည်း မောင်စိတ်မကောင်းဖြစ်မှာ စိုး၍ မငြင်းရက်။
"ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဥ်ကို သွားကြမလား နှင်ငယ် "
"မောင့် ဆန္ဒ အတိုင်းပါပဲ"
မောင့်မျက်နှာလေးကြည့်နေရရင် ကိုကျေနပ်တဲ့ သူ့အဖို့ဘယ်လို အရာပဲ ဖြစ်ဖြစ် ငြင်းစရာ မရှိ။
ထိုဥယျာဥ် သည် ၁၉၁၅ ခုနှစ်က မှ
ပတ်သ်ထရစ် ရဲ့အဖိုး အဲလက်စ် ရော်ဂျာ နှင့် အပျော်တန်း ဥယျာဥ်မှုး လေဒီ ရှားလက်ခပ်ဖ်တို့ ဦးစွာ တည်ထောင်ခဲ့တာ ဖြစ်သည်။ ဗြိတိန် က Kew တော်ဝန် ရုက္ခဗေဒ ဥယျာဥ်ကို အတုယူပြီး ပန်းမျိုးစိတ်ပေါင်းများစွာနဲ့ အပင်မျိုးစိတ်ပေါင်းများစွာကို စိုက်ပျိုးခဲ့ကြတာ။၁၉၁၇ ခုနှစ်မှ ဗြိတိသျှ တရားဝန် အစိုးရက အသိအမှတ်ပြုခဲ့ပြီး ၁၉၂၄ ခုနှစ်မှာတော့ အစိုးရဘက်က ကာကွယ် ထိန်းသိမ်းသည့် ဥယျာဥ် အဖြစ် ကြေငြာခဲ့လေသည်။
၁၉၄၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ တော့ သစ်တောရေး ဝန်ကြီးက ဘေးမဲ့ သစ်တောအဖြစ် ရေးဆွဲ သတ်မှတ်ခဲ့တာဖြစ်သည်။
ထို့နောက် ပတ်သ်ထရစ်တို့ ၈ တန်းနှစ် ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့ ကမှ စပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဥ်အဖြစ် ပြောင်းလဲ ခေါ်ဆို ခဲ့တာဖြစ်သည်။
ပတ်သ်ထရစ် နှင်ငယ်ရဲ့ လက်ကလေး အားဆွဲ ၍ ဥယျာဥ် တစ်နေကုန် အချိန် ကုန်ရန် ဆုံးဖြတ်ထားတာ ဖြစ်သည်။
ဥယျာဥ် ဝင်ပေါက် အနီးရှိ ပန်းခင်း ကိုကြည့် ပြီး နှင်ငယ်ရဲ့ မျက်နှာ ထပ်၌ အပြုံးတို့ ဝေဆာလာတော့သည်။ပန်းဆိုရင် သိပ်ကြိုက်တတ်တဲ့ မောင့်ချစ်သူလေးဟာ နူးညံ့နေဆဲ။ဘယ်တော့မှ ပြောင်းလဲ မည်လဲ မဟုတ်။

ВЫ ЧИТАЕТЕ
မောင့်ချစ်သူ(Complete)
Любовные романы"ခင်ဗျားလေးက ကဝေပျိုလေးပဲ" "ဘာဖြစ်လို့လဲ မောင်" "ခင်ဗျားလေးကိုပဲ ချစ်တတ်အောင် မောင့်ကိုပြုစားထားလို့လေ " "ကျုပ်ကဒါဆို မောင့်ရဲ့ ထာဝရ ကဝေပျို ငယ်လေးဖြစ်ချင်တယ် " Zawgyi "ခင်ဗျားလေးက ကဝေပျိုလေးပဲ" "ဘာဖြစ်လို့လဲ မောင်" "ခင်ဗျားလေးကိုပဲ ချစ်တတ်အောင် မော...