Chapter 4

4.7K 362 16
                                    

ပြတင်းတံခါးဆီက ညမှောင်မှောင်၌ ငွေသော်တာအားငေးကြည့်ရင်း

ထိုနေ့ညက အိမ်တော်၌ ပတ်သ်ထရစ်မရှိခဲ့ဘူး အားချင်း ရန်ကုန်က အလုပ်ရုံကို ပြေးသွားခဲ့ရတယ်။မမကြီး လက်အောက်မှာ စိမ့်ကတာဝန် ထမ်းဆောင်ရပေမဲ့ ဒီလို ပွဲကြီးမျိုးကို ပထမဆုံး တတ်ခွင့်ရခဲ့တာ။ လူတွေ ရှုပ်မည် အရှိန် အဝါ မြင့်မားတဲ့ အသိုင်းအဝိုင်းကလူတွေ အလာများ မည်မို့ စိမ့်ကြောက်ပါသည်။မောင်မရှိတော့ သူဒီပွဲမှာ သူမနေချင်

"မမကြီး ကျွန်တော် အိမ်ပြန်တော့မယ် အိမ် မှာ အစောင့် မရှိတော့ "

"နေပါအုံး နှင်ငယ်ရယ် နော်ထဝီ ရဲ့ သူငယ်ချင်းလာအုံးမှာ သူလာမှ ပွဲစမှာလေ ခဏပါပဲ"

စိမ့် ထိုနေရာမှာ ခဏထိုင်နေရင်း ရိုစီ လည်း ထွက်မလာဘူး မမကြီးက စိမ့်ကို ယမကာ ခွက်ကမ်းပေးလာခဲ့သည်။စိမ့် မသောက်တတ်လို့ ငြင်းနေပေမဲ့ မမလတ်ကပါ သောက်ဖို့ အတင်း တွန်းအားပေးလာသည်။

"သြော် နော်ထဝီ ဟိုမှာ ဧပရယ် လာပြီ"

ရွှေဝါရောင် ကိုယ်ကြပ်ဝတ်စုံနှင် နိုင်ငံခြားသူ ကိုတွေ့လိုက်ရသည်။ရင်ဘက်က အတော်လေးဟိုက်လွန်းပြီး အောက်ခြေက ပေါင်ပေါ်နေသေးသည်။၂၀၀၃ ခုနှစ် ကိုရောက်နေပေမဲ့ မြန်မာ နိုင်ငံမှာ သည်လောက်ထိ အရှက်ဖော်ပြီး ဝတ်ရဲသူမရှိ ဘိလပ်မှာ ဖွံ့ဖြိုးတိုးတတ်နေပေမဲ့ စိမ့်တို့အတွက်တော့နေသားလုံးဝ မကျ

အစိမ်းပုတ်ရောင်ခံနှင့် အနီ အညိုစင်း ပုဆိုလေးက သိပ်မထည်ဝါပေမဲ့ လည်ဂတုံး အဖြူရောင်လေးနဲ့ မို့ကြည့်ကောင်းနေဟန်

ရွှေကြယ်စေ့ လေးအပေါ်၌ စိန်လေးကထည်ဝါနေသလား စိမ့်မပြောတတ်။ဒါက မောင့် ရဲ့ မေမေ မေမေကြီး ကိုယ်တိုင် စိမ့်ကို ပေးထားတာဖြစ်သည်။

ဆံပင် ဘေးခွဲ ကို ဆီဖြင့်သပ်တင်ထားတာကြောင့် စိမ့်နှင် ငယ်ရဲ့ မျက်နှာ လေးထောင့်လေးသည် ရှင်းလင်းနေသည်။မို့နေသည့် ပါးအို့လေးတို့သည် ဆေးအကူမပါတာတောင် ရဲ နေသေးသည်။ခန့်ညားပြီး ကြွေထည်လေးလို ဖြစ်နေသည့် လူသားအား မြင်သူတကာနှစ်သက် တာမဆန်း

မောင့်ချစ်သူ(Complete)Où les histoires vivent. Découvrez maintenant