Chapter 9

3.1K 230 6
                                    

"သား အဝေးသင်ပြောင်းလိုက်ပြီ"

"မေမေ တို့ သဘက်ခါ အိမ်တော်က အလုပ်သမား တန်း ကိုပြောင်းနေရမယ်သား"

စိမ့် မောင့်အချစ်တို့အားမယုံမကြည် ဖြစ်တာတော့ မဟုတ်ပါ အလုပ်တန်းလျားမှာ သူတို့မိသားစုလေး ရောက်သွားခဲ့သည်ပဲထားပါ မောင်က သူ့ကိုကြည်ဖြူပါတော့မလား

...

အိမ်တော်ရဲ့ အနောက်ဘက်မှာ တစ်ထပ်တိုက်ပု လေးတွေ တွဲကာဆောက်ထားလျက်ရှိသည်။

"နှင်ငယ် သခင်ကြီး ခေါ်နေပါတယ်"

"ဗျာ ဟုတ်ကဲ့ ခင်ဗျ"

ခေါက်သိမ်းနေတဲ့ အဝတ်တွေ ကို ချပြီး စိမ့်အပြေးသွားရသည်။အိမ်ကြီးထဲရောက်တော့ တစ်မိသားစုလုံးဟာ လူစုံတတ်စုံပင်

စိမ့် မောင့်ကိုမြင်ပေမဲ့ ချက်ချင်းခေါင်းကို ကျိုးမတတ်ငုံ့ထားရသည်။

"ကြမ်းပြင်ပေါ်မှာ ထိုင်လေ "

"ဟုတ် ကျေးဇူးတင်ပါတယ်မမကြီး"

စိမ့်ကို အိမ်တော်ကြီးကသူတွေက ပတ်သ်ထရစ်ချစ်သူဆိုတာ မသိကြသေးဘူး။ပတ်သ်ထရစ်ပြောထားတဲ့ စိမ့်နှင်ငယ်ဆိုတာပဲသိသေးတာဖြစ်သည်။

"မင်းကပန်းခင်းမှာ အလုပ်လုပ်ဖူးတော့ မင်းရဲ့ ပန်းခင်းမှာပဲ ကျုပ်တို့က နေရာချပေးမှာပါ မင်းအဖေ စိမ့်မဟာက ကျုပ်နဲ့ ရန်ကုန်မှာ အလုပ်အတူ လုပ်ဖူးတာကြောင့် နေရာ ပေးထားတာ အလုပ်ကို တာဝန်ကြေအောင်လုပ်ကြပါ နေစရိတ်စားစရိတ်အပြင်မင်းတို့    သားအဖ  အတွက်အခကြေးငွေ တစ်လကို တစ်သိန်းပေးမယ် "

"ကျေးဇူးတင်ပါတယ် သခင်ကြီး"

စိမ့်လက်အုပ်ကလေးချီပြီးပြောပေမဲ့ ခေါင်းငုံ့ထားမိဆဲ

"ဖေဖေကြီး သူက"

"သခင်ကြီး ကျုပ်ကိုခိုင်းစရာရှိပါသလား"

စိမ့် ခေါင်းကို မော့ကာ မောင့်ကို မပြောဖို့ငြင်းဆန်မိလိုက်သည်။သူအနေမကြပ်ချင်ဘူး။ပြီးတော့ ဒီအခြေအနေဟာ ကျွန်နဲ့ သခင်အဆင့်ထိ ဖြစ်နေပြီ မေမေကြီးတို့အတွက် လက်ခံနိုင်စရာမရှိ

မောင့်ချစ်သူ(Complete)Où les histoires vivent. Découvrez maintenant