Chapter 10

3.8K 248 29
                                    

မမကြီး အခေါ်ပါးသည်ဆိုတာကြောင့် စိမ့် အိမ်တော်သို့ အမြန်လာခဲ့ရသည်။မမကြီးအခန်းတံခါးရှေ့ရောက်တော့ တံခါးခေါက်တော့ တုံ့ပြန်သံမကြားရ ကျွန်းတံခါးကြီးပေမို့လား မသိ စိမ့်လက်တွေ တောင်နာနေပြီ

"နှင်ငယ်"

"သခင်လေး မသင့်တော်ပါဘူး"

တံခါးခေါက်နေသည့် လက်ဆစ်နီနီလေးတို့ကို ဆွဲယူကာ နမ်းလိုက်တော့ စိမ့် ချက်ချင်းရုန်းကာ နောက် သို့ လှမ်းလိုက်မိသည်။တစ်ယောက်ယောက်များ မြင်သွာခဲ့ရင် ဆိုတဲ့ စိတ်က ထိန်းမရစွာ ကြောက်နေမိတာ

ကျွီ.......

"မမကြီး ကျုပ်ကားပြင်ပြီးပါပြီ"

"ဟုတ်ပြီ အခန်းထဲမှာ ကျုပ်မျက်မှန်ကျန်ခဲ့တယ် သွားယူချေ"

"ဟုတ်"

"အစေခံ ........ ထဘီထုတ်ကို ပါယူခဲ့ လယ်တောထဲဆင်းရမှာဆိုတော့"

ပါတိတ် နေဗီရာ ပြာရောင် ဝမ်းဆက်ဝတ်ထားသည့် မမကြီးက တကယ်ကို ခန့်ပြီးချောလှသည်။ခန္ဓာကိုယ်က ကောက်ကြောင်းလှပြီး အရပ်ကမြင့်မားသည်။အသားကအနည်းငယ် ညိုပေမဲ့ သူမကထည်ဝါစွာလှပေနေဆဲ ဆံပင်တို့အား အပြောင်သိမ်းကာ ဆံထုံး ထုံးထားသည်။လက်သွယ်သွယ်တို့၌ လက်ဝတ်တန်ဆာ တို့က ခမ်းနားထည်ဝါလျှက်

အစေခံ ဆိုသည့် စကားကို ဖိနိပ်ကာပြောရုံမက ထဘီထုပ် ပါ သယ်လာတဲ့လား
ပတ်သ်ထရစ်ဘယ်အရာကိုသည်းခံပေးရနိုင်မှာလဲ ။နှင်ငယ့်တာ ဝန်က ပန်းရုံနဲ့ ပန်းကိစ္စ မှာသာဖြစ်သည်။လက်တိုလက်တောင်း ခိုင်းရမည့်အစေ ခံလည်း မဟုတ်ဘူး

"မမကြီ ....!"

"မေမေကြီးလို လူက အစေခံတစ်ယောက်နဲ့ လက်ထပ်ပေးမယ်ထင်နေတာလား မိန်းမတောင်မဟုတ်ဘူး ယောက်ျားတစ်ယောက်နဲ့ တဲ့ ရွံရှာဖို့ကောင်းလိုက်တာ ပတ်သ်ထရစ်ရယ် ဟား! နင့်ဖေဖေကြီး ရော ကွဲကြေမဲ့ နင့်အသည်းကို ကယ်နိုင်ပါ့မလားနော် "

မမကြီးစကားကြောင့် အကြောက်တရားတို့ကကျုပ်ရင်ထဲ တိုးဝှေ့လျက်

ဘာနေနေ ကျုပ်က နှင်ငယ့်ကို ရအောင်လက်ထပ်မှာ ဘယ်သူကမှ သဘောမတူရင်တောင် ကျုပ်ရအောက်လက်ထပ်မှာ

မောင့်ချစ်သူ(Complete)Où les histoires vivent. Découvrez maintenant