Chapter 8

3.5K 242 5
                                    

"သခင်လေးရောက်နေတာပဲ"

"မေမေ~~~~~"

"ဟုတ်ပါပြီ မေမေ့ သားငယ်လေးရောက်နေတာ"

ထိုအခါမှ ဆူထော်ထားတဲ့ နှုတ်ခမ်းတွေ သိမ်းသွားတော့သည်။ပတ်သ်ထရစ်က မေမေတို့နဲ့ဆို တကယ် ၁၆ နှစ်သားပီသပါပေတယ်။ဖေဖေကိုလည်း ပြေးဖက်သေးတာလေ

"ထမင်းစားသွားအုံးလေ သား"

"ဟုတ်ဖေဖေ "

အိမ်ရှေ့ ခန်းမှာ နှစ်ယောက်သားကျန်ခဲ့ပြီး မေမေနဲ့ ကျုပ်ကတော့ မီးဖိုချောင် ထဲသို့ဝင်လာခဲ့သည်။မေမေဝယ်လာသည့် ကန်စွန်းရွက်နှင့် မှိုတို့ကို လက်ကမ်းယူပြီး ဇလုံထဲသို့ ခဏထည့်လိုက်သည်။

"မေမေ အရည်သောက်လေးလုပ်မလို့လား"

"ဟုတ်တယ် နှင်ငယ် ပြီးတော့ ကြက်သားကြော်တွေ ရှိသေးတယ်မလား ဒါနဲ့ သခင်လေးကဘာကြိုက်တတ်သေးလဲ"

"သူ မှိုနဲ့တော့မတည့်ဘူး ကြက်သားကြော်ပဲကျွေးရမယ် ထင်တယ် ငပိထောင်းကအစပ်ကို သူမကြိုက်ဘူး မေမေ"

နဖူးက ချွေးစတို့ကို မေမေက လက်ကလေးနဲ့ သုတ်ပြီး ခေါင်းငြိမ့်လာရှာသည်။

"မေမေ ရေချိုးနှင့်ပါလား သား ချက်လိုက်မယ် မီးလည်း သားဘာသာ မွှေးတတ်တယ် "

"အေး...သား မေမေရေချိုးလိုက်မယ်"

"မေမေ... အလုပ်အဆင်မပြေဘူးလားဟင်"

မေမေလက်ကလေးကိုင်ကာ စိမ့်မေးလိုက်ပါသည်။မေမေက ပြုံးပြုံးလေးပေမဲ့ မေမေ့ မျက်လုံးတွေက ဝမ်းနည်းနေသယောင် ရှိသည်။ပြီးတော့ မေမေ့ရဲ့ သနပ်ခါးနဲ့ ပါးပြင်လေးသည် မျက်ရည်စီးကြောင်းရာလေးပေါ်နေသေးတာ

"အဆင်ပြေပါတယ် သားရယ် "

စိမ့် မယုံပါ ။သူက အသက် ၁၈ နှစ် ပြည့်ပြီးသား သားတစ်ယောက်ပါ မိဘတွေ ဘယ်လိုလဲ ဆိုတာ အရိပ်အကဲ ကြည့်တတ်ပါသေးတယ်လေ ပန်းတွေ ဒီမနက် ရိတ်ပြီး မန္တလေးကို စိမ့်မိဘတွေသွားပို့ကြတာ အရင်ကဆို ပြုံးရွှင်နေတတ်တဲ့ သူတို့က မျက်နှာ ညိုးငယ်နေတာ စိမ့်သတိထားမိတာပေါ့

"ပန်းတွေ ပျက်ကုန်တယ် သား စပေါ်ငွေတွေ မေမေ တို့ဆိုက်ထုတ်ပြီးပြန်လျော်ပေးခဲ့ရတယ် ဟင့်!  ပထမငွေတွေက သားရဲ့ကျောင်းအတွက် သုံးထားတော့ "

မောင့်ချစ်သူ(Complete)Donde viven las historias. Descúbrelo ahora