အိမ်ရှေ့တွေ ခြံစည်းရိုးဘောင်ပေါ်တိုင်းမှာ အတာအိုးတွေကဝေလို့ သင်္ကြန်မိုးကလည်း ရွာပြီးသည်မို့ ခြံဝန်းထဲက ပိတောက်ပင်ကြီးသည် ဝင်းဝါနေသည်။မြေပြင်တစ်လျှောက် ပိတောက် ပွင့်တို့ကြွေလျှက်ရှိသည်။
"မောင် .......အေးတယ်"
ငွေရောင် ဖလားငယ်လေးနှင့် မုန့်လုံးရေပေါ်လုံးနေသည့် အပျိုတွေဘေးက ထင်းမီးဖိုနေသူကိုလောင်းလိုက်တာဖြစ်သည်။မျိုးရိုးမြင့်ကပျိုမဒီတွေ အပါအဝင် မမလတ်ကပါပါဝင်ဆင်နွှဲနေတာဖြစ်သည်။မေမေကြီးနှင့် နှင်ငယ်မိဘတွေက တည်ခင်းထားသည့် ခုံကျယ်ပေါ်မှာ ထိုင်ကာ စကားဆိုနေကြသည်။
ခြံဝန်းထဲ အသိမိတ်ဆွေ အများစုက အလှူအတွက်ပြင်ဆင်ပေးနေလျှက် မီးခိုးတလှူလှုနှင့်ခြဲဝန်းကျယ်ကြီးသည် ပျော်စရာအတိ။ပွဲလမ်းသဘင်တွေ ထဲမှာမှ ပတ်သ်ထရစ်သဘ် သင်္ကြန်အချိန်အခါကို အကြိုက်ဆုံးဖြစ်သည်။အရင်နှစ်တွေက နှင်ငယ်နှင့်အတူ ပန်းခင်းထဲမှာ သာကုန်ဆုံးလေးရှိပြီး ဒီနှစ်ကတော့ အိမ်တော်ကအလှူမှာ နှင်ငယ်အတူရှိခွင့်ရခဲ့သည်။
"မောင်က ခင်ဗျားကို ဦးဆုံးလောင်းချင်လို့ပါဗျာ အရမ်းအေးသွားသလား"
"ရတယ် မီးအပူရှိန်နဲ့ နွေးသွားမှာ",
"မောင့် ရင်ခွင်လောက်နွေးပါ့မလား"
ပတ်သ်ထရစ်စကား ကြောင့် နှင်ငယ်က မောင့်ရင်ခွင်ထဲသို့မှီနွှဲ့လိုက်သည်။ပတ်ဝန်းကျင်တစ်ခုလုံးက သူ့အာရုံနှင့်ပေမို့ သူတို့အားမြင်မည်မထင် မောင်က ခြံအနောက်ကို ခေါ်သည်မို့ သူလိုက်လာခဲ့ရသည်။လည်ကတုံး အင်္ကျီအဖြူရောင်နှင့် ပုဆိုးခေါက်ရိုးကျိုးအရာလေးတွေနှင့် သေသပ်စွာ ဝတ်ဆင်ထားသည့် သူကြောင့် နှလုံးခုန်သံကခပ်မြန်မြန်
"ပုဆိုးကျွတ်တော့မယ် နှင်ငယ်ခဏ"
"ခါးပတ်မပတ်လာဘူးလား...ဟား....ဟား.... ကျုပ်ဝတ်ပေးမယ် လာ"
ပြောပြီးပြီးချင်းနှင်ငယ် မောင့်ရဲ့ ပုဆိုးကို ဖြေလိုက်တော့ မောင့်ရဲ့ လက်တွေ ကအလိုလို ဘေးသို့တန်းသွားလျှက်

YOU ARE READING
မောင့်ချစ်သူ(Complete)
Romance"ခင်ဗျားလေးက ကဝေပျိုလေးပဲ" "ဘာဖြစ်လို့လဲ မောင်" "ခင်ဗျားလေးကိုပဲ ချစ်တတ်အောင် မောင့်ကိုပြုစားထားလို့လေ " "ကျုပ်ကဒါဆို မောင့်ရဲ့ ထာဝရ ကဝေပျို ငယ်လေးဖြစ်ချင်တယ် " Zawgyi "ခင်ဗျားလေးက ကဝေပျိုလေးပဲ" "ဘာဖြစ်လို့လဲ မောင်" "ခင်ဗျားလေးကိုပဲ ချစ်တတ်အောင် မော...