Chapter 2

7.2K 452 11
                                    

ကောင်းကင်တစ်ခွင်က

ခပ်ညို့ညို့ရယ်
မြောက်လေကအေးသလား
တောင်လေကတိုက်လေသလား
ရိုစီ မသိ ။ သိလည်းမသိချင် သေသောသူတို့အား အတူမြေချဖို့သာ စိတ်လောနေမိသည်။
နောက်ဘဝတွေ ဒီထပ်မက အသက်ရှည်ရင်း ချစ်ခင်ရင်းနှီးစွာ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတွေ ကအကြိမ်ကြိမ် တောင်းနေမိဆဲ

ရုပ်အလောင်းတွေ မြေချပြီးတဲ့ အခိုက် ကမ္ဘာမြေပြင်ကြီး ကတုန်ခါနေသည်။မိုးတွေကလည်း သည်းထန်စွာရွာသွန်းလျှက် လျှပ်စီးကြောင်းတို့ဟာလည်း ခဏခဏ လင်းလတ်လို့နေသည်။ခြိမ်းကနဲ ခြိမ်းကနဲမိုးခြိမ်းသံတို့သည်ကြောက်မက်ဖွယ်အတိ။

-----------------------------------------------------------

ဟော်လန် ပန်းခင်းအနီရောင်ကြီးက နေမင်းအလင်းရောင်ကြောင့် ထင်ပါရဲ့ ရဲရဲဖိန့်နေအောင်ပင် လေညင်းတို့သည် ညင်သာစွာ တိုက်ခတ်လာရင်း ပြတင်းတံခါးငယ် ဆီသို့ ဝင်ရောက်လာသည်။အိပ်မောကျနေတဲ့ ကလေးငယ် သည် အသက်ရှူသံမျှင်မျှင်ကလေးဖြင့်

"နှင်ငယ် ထတော့လေ "

မျက်လုံးတို့သည် ခေါ်သံကြောင့် တစ်ချက်ချင်းဝိုင်းစက်ကုန်သည်။အို ဘာတဲ့
နှင်ငယ် တဲ့လား။မေမေ့ အသံ သူ့ဘဝ မှာ နှစ်ယောက်မရှိ သည့် မေမေ့အသံ
သူနားမလည် နောက်ထပ်အသံလာရာဆီ နားစွင့်မိသည်။

"စိမ့်နှင်ငယ် ကျောင်းစတတ်ရမဲ့ ရက်မှာ နောက်ကျချင်လို့လား"

"ရှင်လွန်းငယ် ရယ် သားခဏအိပ်ပါစေအုံး
စောပါသေးတယ်"

ဒေါက်.....!ကျွီ.......

ဟင်!

ဖေဖေ ပြီးတော့မေမေ မျက်နှာ သနပ်ခါးအဖွေးသားနဲ့ နုပျို လှပနေသည့် မေမေ ပြီးတော့
ခန့်ညားထည်ဝါ လွန်းသည့် ဖေဖေ

တစ်ချက်ချင်း စေ့စေ့ကြည့်ကာ သူအံ့သြနေမိဆဲ အို ဘုရားရေ။ဘာတွေ ဖြစ်ပျက်နေတာလဲ။သူဘာလို့ ငယ်ရွယ်နေတာလဲ မေမေ့အပြင် ဖေဖေပါရှိသေးသည်။

"သား အိပ်မက်ဆိုးတွေ မက်လို့များလား"

မေမေသည် သူ့အနားသို့ အပြေးလာကာ ခါးကိုကိုင်းကာ မျက်နှာချင်းဆိုင်လေသည်။သူဘာစကား မှ မထွက်နိုင်သေး မေမေ့မျက်နှာလေးအား ကိုင်ရင်း ဖက်ကာ ငိုကြွေးလိုက်မိသည်။သား အရမ်းလွမ်းနေခဲ့တာ

မောင့်ချစ်သူ(Complete)Tempat cerita menjadi hidup. Temukan sekarang