Chapter 6

4.2K 272 19
                                    

"ဟေ့ နှင်ငယ် "

"မျိုးမြတ်ဇော် "

ဖေဖေ က စိမ့် ကို အခုချိန်ထိ ဂျစ်ကားဟောင်းလေးနဲ့ လိုက်ပို့နေဆဲ ။စိမ့် အနေနဲ့ မိဘတွေ နဲ့ အနေနီး ပြီးနွေးနွေးထွေးထွေးနေရတာကို ပိုနှစ်သက်တာကြောင့်ဖြစ်သည်။စိမ့် က မိုးပြာရောင် ရှပ် လေးအားဝတ်ထားပြီး ပုဆိုး အပြာကွက် စိပ်စိပ်လေး  နှင့်တွဲဖက်ထားသည်။သူ့ရဲ့ ဆံပင် အုပ်အုပ်ကလေးကို ဆီနဲ့ ဖိသိပ်ကာ အပေါ်ဘက်သို့ လှန်တင်ထားလျှက်

ဖြူဥ နေတဲ့ အသားအရည်ကြောင့် စိမ့်ဟာ တစ်ကိုယ်တည်း အရှိန်အဝါ တောက်နေသယောင်ရှိသည်။မျက်လုံးဝိုင်းဝိုင်းလေးဟာ ကြည်တောက်နေပြီး ပြုံးလိုက်တိုင်း ပါးအို့လေးတွေက မို့တတ်လျှက်

ဖေဖေအား နှုတ်ဆက်ပြီး လမ်းတစ်လျှောက် ဝင်လာတော့ သူငယ်ချင်းဖြစ်သူ က ကိုယ့် ကို မြင်တော့အပြေးအလွှားပင်

"မောလိုက်တာ နှင်ငယ် ရာ "

ဟောဟဲ လိုက်နေသူ ထံကို စိမ့် ရေဘူးလေး ကမ်းပေးရင်း

"အတန်းထဲ ရောက်မှ စကားပြောလို့ ရသားနော့ မင်းဘာသာ ပြေးလာတာ "

"တူတူ သွားမို့ပေါ့ကွာ ဟိန်းဇေထွဋ်က ဒီနေ့ ခရီးရောက်နေလို့ အတန်းပျက်မယ် တဲ့"

"သြော် "

"သင်္ကြန်ကျရင် မင်းအဖွဲ့နဲ့ လိုက်မှာလား"

"ကျုပ်တော့ မလိုက်တော့ဘူး ပတ်သ်ထရစ် နဲ့လည်ရမယ် ထင်တယ်"

"မင်းကလည်း ဒီကောင်လေး  အပစားပေးလွန်းတယ် ကျုပ်တို့က သူငယ်ချင်းအရင်းကြီးတွေပါ"

ကလေးဆန်နေသည့် မျိိုးမြင့်ဇော်ကို စိမ့် ဘာမှ ပြန်မချေပမိ။

မောင် နဲ့ ယှဥ်လာရင် ကျုပ်က ကျုပ်အသက်တောင် ထည့်တွက်မည်မဟုတ်။ကျန်တာတွေတော့ ဘာအရေးလဲ ကျုပ်ဘဝမှာ မိဘနဲ့ ဘုရား ပြီးလျှင် မောင်က ကိုးကွယ်ရာပဲ

မောင်က အရာရာပဲ

"ပြုံးမနေနဲ့ နှင်ငယ် ကျုပ်သိသားပဲ မင်းက ပတ်သ်ထရစ် နားဘာကြောင့် ကပ်နေလဲ ဆိုတာ"

"ဆိုပါအုံး"

"နှမလေးယောက်တောင် ရှိတာ မင်းကပ်တာဘာဆန်းလဲ အကြီးဆုံး မကြီးဆို ဣိန္ဒြေအပြည့်နဲ့ ထည်ဝါလွန်းတယ် စီးပွားရေးမှာလဲ မိန်းမသားပေမဲ့ အောင်မြင်တယ်

မောင့်ချစ်သူ(Complete)Kde žijí příběhy. Začni objevovat