ပန်းခင်းကြားထဲ ဖျာချပ်လေးခင်းပြီး အေးအေးလူလူ အိပ်နေသည့်ကောင်လေးအား သူမေးထောက်ကာ ကြည့်နေမိတာ အချိန်အတော်ကြာလေပြီ။မနက်အစောကြီး နိုးလာပြီး အလုပ်ကို အရုဏ်တတ်ချိန်ကြီး ထွက်လာကြတာဖြစ်သည်။နေကြာခင်းဘက်က အဝယ်တော်တွေ များတာမို့ မမလတ်နဲ့ အတူ သူတို့နှစ်ယောက်လိုက်လာရတာဖြစ်သည်။စာရင်းလုပ်ရင်း အိပ်ငိုက်တာ ဆိုတာ နဖူးနဲ့ ခုန်နဲ့တောင်စောင့်သည်အထိ
ကျုပ်လည်း ဒီချစ်သူလေးကြောင့် နေရာလွတ်တစ်ခုရှာရင်း လာသိပ်ရတာဖြစ်သည်။အခုဆို မနက် ၈ နာရီကျော်လာပြီမို့ နေရောင်တို့ကဖြာကျနေပြီဖြစ်သည်၊
"အင်း~~~~”
” ဘယ်လို အသံလေးတွေ လွှင့်နေတာတုန်း ကွာ"
"အာ့ မောင်..! ပါးကို မညစ်နဲ့ "
"အုံဖွ အုံဖွ ပါဗျာ မောင် အသည်းယားလွန်းလို့ သေတော့မယ်ဗျ"
"ကျုပ်ကကြားကသေတော့မှာ အာ့ မောင့်!"
အိပ်ချင်စိတ်တွေက လွင့်ပြယ်ကုန်၏။ကျုပ်စ ပြီး အိပ်ကတည်းက မောင်က ဒီရပ်ဝန်းကိုယဘယ်အလုပ်သမားမှ မလာဖို့ တားမြစ်ထားပေမဲ့ ကျုပ်မှာ လူရောက်လာမှာ စိုးရိမ်နေဆဲ။အပေါ်ကို အုပ်မိုးလာသည့် မောင်က ပျံ့ကျဲနေသည့် နေရောင်တို့ကို ကွယ်ပေးရာရောက်သလို နီရဲသွားသည့် ပါးကို တရွှတ်ရွှတ်နမ်းနေသည်။
"ပြွတ်"
"မောင့် နှုတ်ခမ်းကို နမ်းရင် အသံထွက်အောင် မနမ်း ပါနဲ့ဆို "
"ဘာဖြစ်လဲဗျ မောင်ကဝေလေး ကမောင့်ကိုပြုစုတုန်းကပြုစားနေပြီး အခုမှ ရှက်နေသည်ပေါ့"
"ကျုပ်မပြုစားပါဘူးနော် အခု ကျုပ်ဘာသာအိပ်နေတာ"
"ချစ်တယ်ကွာ ခင်ဗျား ဘာလုပ်လုပ် ချသ်တယ်ဗျာ အိပ်နေလည်းချစ်တယ် နှုတ်ခမ်းလုံးလုံးလေးကစကားပြောနေလည်း ချစ်တယ် ကုန်ကုန်ဗျာ အီးပါနေရင်တောင်ချစ်တယ်"
"မောင်.....ဘာဖြစ်နေတာလဲလို့ "
"ဟား ဟား လာပါအုံးဗျ လျှာလေးကို နမ်းချင်နေပြီ"
"အွန့်...."
ပြောပြီးပြီးချင်း နှုတ်ခမ်းကို ဖိကပ်ကာလျှာဖျားတစ်ခုလုံးကို ရုတ်တရက်ဆန်စွာ စုပ်ယူပစ်သည်။မောင့်လက်တွေက စိမ့်ဝတ်ထားသည့် အဖြူရောင် ရှပ်ကလေးတွင်းသို့တိုးဝင်ကာ ရင်ဘက်တစ်လျှောက်ကို ပွတ်သပ်ရင်း
YOU ARE READING
မောင့်ချစ်သူ(Complete)
Romance"ခင်ဗျားလေးက ကဝေပျိုလေးပဲ" "ဘာဖြစ်လို့လဲ မောင်" "ခင်ဗျားလေးကိုပဲ ချစ်တတ်အောင် မောင့်ကိုပြုစားထားလို့လေ " "ကျုပ်ကဒါဆို မောင့်ရဲ့ ထာဝရ ကဝေပျို ငယ်လေးဖြစ်ချင်တယ် " Zawgyi "ခင်ဗျားလေးက ကဝေပျိုလေးပဲ" "ဘာဖြစ်လို့လဲ မောင်" "ခင်ဗျားလေးကိုပဲ ချစ်တတ်အောင် မော...