Chapter 12

3.2K 229 11
                                    

သူမအနေနဲ့ ဒီလို အစေခံဆီ သူမသားလေးကို မပေး လိုက်ချင်ဘူး။ဒါပေမဲ့ သားက ဆေးတောင်မသောက်ဘဲနေသည့် အပြင် ရေချိုးခန်းထဲ နှစ်နာရီနီးပါးနေထားပုံရသည်။ဒါတောင် သူ့ကိုယ်သူဂရုမစိုက်ပါပဲ ဘေးကကောင်လေးကို ပွေ့ဖက်လို့နေသေး

"မေမေကြီးတကယ်ပဲ ပတ်သ်ထရစ်ကို အစေခံနဲ့ သဘောတူပေးမှာလား"

တီးတိုးပြောလာသည့် သမီးဖြစ်သူ သတိပေးသံ။သူမသဘောမတူဘူး လုံးဝပါပဲ ကိုယ့်ရှေ့သည်လောက်ချစ်ပြနေတာကို မိခင်တစ်ယောက်အနေနဲ့ မနာလိုဖြစ်မိသည်။

"နှင်ငယ် တို့မိသားစုကို ဒီနေ့ဖြစ်ပျက်ခဲ့တာတွေ အတွက် ကျုပ်ကပဲတောင်းပန်ပါရစေ"

"မဟုတ်တာ သခင်ကြီးရယ်"

"ဆရာဝန်လာရင် နှင်ငယ်လေးကိုပါ ကုသခိုင်းလိုက်ပါ့မယ်နော့ "

ပတ်သ် အလာပ သလာပ တွေထက် သူတို့နှစ်ယောက်ကိုဖေဖေကြီး သဘောတူလား မတူလားပဲကို ပိုသိချင်မိသည်။ဖေဖေကြီး သဘောမတူရင် သူနှင်ငယ်နှင့် မိသားစုကို လက်တွဲကာ အိမ်ပေါ်က ဆင်းမည် ပြီးရင် ကူလီထမ်းသမားအနေနဲ့ ရှာကျွေးရပါစေအုံး သူနောင်တရမည်မဟုတ်။

နှင်ငယ့်ကို စချစ်ကတည်းက နောင်တဆိုတာရှိမနေခဲ့ဘူး။အဆုံးသတ်မှာလည်းမရှိစေရဘူး။ကျုပ်အချစ်က လေနဲ့တည်ဆောက်ထားတာ မဟုတ်ကြောင်း ကျုပ်သက်သေထူရဲပါသေးသည်။

ဒီမောင်က ဒီလူကလွဲရင် ဘယ်အရာမှာ မမြင်နိုင်အောင် ကန်းနေပြီ ထင်ပါရဲ့

"ဖေဖေကြီး သားနဲ့ နှင်ငယ့် ရဲ့ ကိစ္စကို ဦးစားပေးစေချင်ပါတယ်"

"ဖေဖေကြီး ကသားကိုပေးထားတဲ့ ကတိအတိုင်း သားလုပ်ငန်းတွေ လည်ပတ်အောင်စွမ်းဆောင်နိုင်ပြီဆိုတာနဲ့ ဝါရှင်တန်မြို့မှာ မင်္ဂလာဆောင်ပေးမှာပဲ သား "

ထိုစကားကိုကြားတော့ အဆင်မပြေဖြစ်သွားသောသူမှာ မေမေကြီးထက်မမကြီးကပိုသည်။

"အစေခံ ကိုကျုပ်တို့မျိုးရိုးထဲဝင်ဆံ့မလို့လား ကျုပ်တော့လက်မခံဘူး"

"သမီးကြီးပြောတာ မှန်တယ် ဖေဖေကြီး ဘာတွေ လုပ်နေတာလဲ ကျုပ်သားနဲ့တော့"

မောင့်ချစ်သူ(Complete)Where stories live. Discover now