Chapter 17

3.7K 221 22
                                    

"ကိုကိုကြီး "

"ဒေစီ  ကိုကိုကြီးကို လွှတ် ရိုစီ ငယ်လေးကို ခေါ်ပြီး အပေါ်တတ်တော့ "

ပုဆိုးစ ကို ကိုင်ဆွဲ လာသည့် အငယ်လေးကို လွှတ်ခိုင်းပြီး  ရိုစီနှင့် အပေါ်မှာ သွားနေခိုင်းလိုက်သည်။တယ်လီဖုန်းနှင့် တစ်မိသားစုလုံး စကားပြောမည်ဟု  လှမ်းမှာ ရင်း သူစောင့်ခိုင်းထားတာဖြစ်သည်။ နှင်ငယ့်ကို မေမေ တို့ နား ထိုင်စေကာ သူကတော့ ဖေဖေကြီးတို့နားမှာနေရာဝင်ယူလိုက်သည်။

ပတ်သ်ထရစ် က ဘယ်သူ့ကို မှ စာနာ ထောက်ထား သနားခြင်းရှိမည် မဟုတ် မမကြီး ဟာ မိန်းမသား ဖြစ်နေသည် ထားအုံး စောက်ဂရုနည်းနည်းမျှ စိုက်နိုင်မည်မဟုတ်ဘူး။

"မမကြီး ခင်ဗျား အမှန်တိုင်းဖွင့်ပြောမလား ကျုပ်ပြောရမလား"

"သား!"

မေမေကြီး လှမ်းတားလိုက်တာ ဖြစ်သည်။

"တော် မေမေကြီး မေမေကြီး ဘာမှ မသိဘူး ဒီမိန်းမ ကမိန်းမယုတ် ကျုပ်နှင်ငယ်ကို တောက်! ဒီမိန်းမ ဘာလုပ်ခိုင်းလိုက်သလဲသိသလား"

"ကျုပ်ဘာလုပ်မိလို့လဲ မောင်ငယ် နော်ထဝီနဲ့ကျုပ် မင်းတို့ ပျောက်သွားလို့ လိုက်ရှာနေရတာ မမကြီး ဘာများ လုပ်မိလို့လဲ "

"ပတ်သ်ထရစ် မမကြီး ကို ယုတ်ညံ့တဲ့ စကားတွေ နဲ့ဘာလို့ စွတ်စွဲနေရတာလဲ"

"မမလတ်မသိဘူး ဘယ်သူမှ မသိဘူး ကျုပ်ပါးစပ်က ထုတ်ပြောဖို့တောင် အားနာရတဲ့ ကိစ္စကို လုပ်ထားတာ မမလတ်တို့သိလား"

ပတ်သ်ထရစ် ထိုင်ခုံပေါ်ထိုင်မရ ထမရဖြစ်နေရပြီ။သူ့မှာ တကယ်ကို ရင်ထဲ တနုံ့နုံ့ နဲ့ မျက်နှာ ချင်းဆိုင်နေသည့် နှင်ငယ့်ကိုကြည့်မိတော့ လန့်နေသည်ကြောင့် သူ့ဒေါသကိုလျှော့ချရပြန်သည်။ အမှားလုပ်ထားသည့်သူက တော့ အေးအေးလူလူပင် ကျုပ်ကပဲ မတရားစွပ်စွဲနေသည့်ပုံစံနှင့် သူက မေမေကြီး ရင်ခွင်ထဲဝင်ပြီး

"ကျုပ်တကယ်ဘာမှ မသိပါဘူး" ဆိုပြီးရေရွတ်နေသေးသည်။ သူဘယ်လိုများ ဒီလိုလူနဲ့ သွေးတော်သားစပ်နေရတာလဲ

"ပတ်သ်ထရစ် မမကြီး ကို မဟုတ်တမ်းတရားတွေ ဘာကြောင့်စွပ်စွဲနေတာလဲ"

မောင့်ချစ်သူ(Complete)Donde viven las historias. Descúbrelo ahora