Chapter 18(Final )

7.7K 253 11
                                    

သင်္ကြန်ရက်တွေ ကုန်ဆုံးလေတော့ မမကြီးရဲ့အမှုကိစ္စကို လိုက်ခဲ့သည်။သူ့အပြစ်ကြွေးကိုသူပေးဆပ်ရမည်မို့ ကျုပ်ကတော့ နည်းနည်းမှ အားနာမှု မရှိခဲ့ဘူး။ထောင်ထဲ မရောက်ရောက်အောင်ပို့နိုင်ခဲ့သည်အထိ ကျုပ်ကြိုးစားခဲ့တာဖြစ်သည်။မိသားစုလော မောင်နှမလော သွေးသားလော ကျုပ်မသိ ကျုပ်မတွေးချင်ပါ။ကျုပ် နှင်ငယ်ကို ထိလျှင်
ကြံရွယ်ခဲ့သည်ထက်အဆပေါင်းများစွာ ပေးဆပ်ရမည်ဆိုတာပဲ ဖြစ်သည်။

"နှင်ငယ် နားချင်ပြီလား"

"ရပါတယ် ခရီးက ရောက်တော့မှာပဲ မအိပ်တော့ဘူး"

အခုက ဝါရှင်တန်သို့ မိသားစုလိုက် သွားနေကြတာဖြစ်သည်။ ကျုပ်နဲ့ နှင်ငယ် တို့နှစ်ဦး လက်ထပ်ထိမ်းမြားတော့မှာဖြစ်သည်လေ။
နှင်ငယ့် လက်ကလေး ဆုပ်ကိုင်ပြီးရင်ခွင်ထဲသို့မှီခိုင်းလျှက်

"နှင်ငယ် မောင့်ရင်ခွင်ထဲမှေး နေလိုက်ပါ ရောက်လို့ ခင်ဗျားလေး မနိုးရင်တောင် ကျုပ်ပွေ့နိုင်ပါတယ်"

"အို......"

ရင်ခွင်ထဲ ဆွဲပွေ့ခံရတော့ အာမေဋိတ်အသံလေးသာထွက်လာရသည်။ဘာပဲဖြစ်ဖြစ် ရင်ခွင်ကျယ်ကြီးက နှင်ငယ့်အတွက်အမြဲတစေနွေးထွေးလို့နေတာပါပဲ

ဝါရှင်တန်ကို ရောက်လာတော့ အိမ်တော်ကို မိသားစု နှစ်ခုလုံး ရောက်လာကြသည်။နှင်ငယ် ကတော့ အိပ်လာတာကြောင့်လားမသိ နုံးချိနေဆဲ လှုပ်တောင်မလှုပ်ချင် မောင်နဲ့ တစ်ခန်းထည်းအတူနေဖို့သဘောတူပြီး ရောက်တာတောင် သူမောင့်ရင်ခွင်ထဲတိုးဝင်ပြီး အိပ်နေဆဲ ပင်ဖြစ်သည်။

"တာဝန်ကျေတယ်"

အဖြူ မုတ်ဆိတ်ရှည်ကြီးဖြင့် ပထမက သူမြင်ဖူးတဲ့ လူကြီးက ပြုံးရွှင်စွာပြောလာတာဖြစ်သည်။တိမ်ဆိုင်ဖြူဖြူတွေကြား လွင့်မျောနေတဲ့ မြင်ကွင်းလှပ နေလျှက်

"ဗျာ"

"ထာဝရပေါင်းသင်းနိုင်ကြပါစေ "

ဒါဆို သူလုပ်ရမဲ့ တာဝန်ဟာ ပြီးဆုံးသွားတာ ကိုဆိုလိုတာလား တကယ်တော့ သူဘာတစ်ခုမှ လုပ်လိုက်နိုင်တာ မရှိဘူးမလား။မောင့် အနားမှာနေပြီး မောင့်ကိုချစ်ပေးခဲ့ရုံလေးပဲ ဖေဖေနဲ့မေမေတို့ ကို ရှင်သန်နိုင်အောင် လုပ်နိုင်ခဲ့ရုံလေး ပဲ လေ နိုးထလာတဲ့ အခါပထမဆုံး မြင်ကွင်းဟာ မောင့်ရဲ့ မျက်နှာ ချောချောလေးဖြစ်နေတော့သည်။

မောင့်ချစ်သူ(Complete)Tempat cerita menjadi hidup. Temukan sekarang