Chapter 11

3.1K 224 10
                                    

ဘိုတောက်က ပတ်သ်ထရစ်ထက်ခန္ဓာကိုယ် ကြီးသလို ကြမ်းကြမ်းတမ်းတမ်းလည်း ဖြစ်သည်။ပတ်သ်ထရစ် နှင်ငယ့်အား သနားလွန်းလို့ ထိုနေရာမှာ သူသာဖြစ်လိုက်ချင်ပြီ။ဘိုတောက် ရဲ့ ရင်ဘက်ကို တံတောင်နဲ့ တွတ်ကာ ဒူးခေါင်းအား အားထည့်ကာ ကန်ကြောက်လိုက်သည်။

လွတ်လာသည်နှင့် နှင်ငယ်ပေါ်အုပ်မိုးပြီး ပွေ့ဖက်ပစ်လိုက်သည်။

ဖြန်း......!

"အာ့.....!"

ဒုန်း....

"သားငယ် သားငယ် မဟုတ်ဘူး"

"အင့်.....အီး....မောင် ဖယ်"

ဘေးနားကအစောင့်နှစ်ယောက်သည်လည်း ဘေးသို့ရှောင်ဖယ်သွားကြသည်။သခင်မကြီးသည်လည်း လက်ထဲက လုံးပတ် ၂ လက်မလောက်ရှိသည့် ကြိမ်ရိုင်းကြီးအား လွှတ်ချလိုက်မိသည်။သုံးချက်မြောက်မှာ သူမအားထပ်ထည့်ကာရိုက်လိုက်မှ ပတ်သ်ထရစ်ဖြစ်နေလေရဲ့ သွေးကွက်နေသည့် အဖြူရောင် အင်္ကျီလေးအားမြင်လိုက်ရတာ ရူးမတတ်ပင်

ရိုက်ချက်သည် နာလွန်းတာကြောင့် မျက်ရည်ကဖြာကနည်းပင်ဖြစ်သည်။

"မောင့်ကဝေပျိုလေးငိုရင် မောင် ရူးမတတ်ပဲလေ ခင်ဗျားရယ် မကာကွယ်နိုင်ခဲ့ဘူး"

"ဒီအစေခံတွေ အိမ်တော်ထဲက ဆွဲချကြစမ်း"ဟူသော မမကြီးစကားသံကြောင့်

"မလုပ်နဲ့"ဟု ပတ်သ်အကြောက်အကန် ငြင်းရသည်။

"သားငယ်လေး မေမေကြီးသားငယ်လေး"

"ဒါ ကျုပ်ရဲ့ ချစ်ရသူ ကျုပ်....နှင်ငယ်ဗျ မလုပ်ကြပါနဲ့"

ပတ်သ်ထရစ်စကားကြောင့် ရုန်းရင်းဆန်ခတ် အခြေအနေဟာငြိမ်ကျသွာခဲ့သည်။မမကြီးရဲ့ အပြုံးကိုတော့ ဘယ်သူမှ သတိမထားမိ ရှင်လွန်းကို ညိုညိမာက ဆွဲထားဆဲဖြစ်သည်။

မေမေကြီးသည် အံ့သြ ထိတ်လန့်တကြီးဖြစ်နေသည်။သားဖြစ်သူဟာ ယောက်ျားတစ်ယောက်ကို ချစ်မြတ်နိုးပါကြောင်းပြောခဲ့စဥ်က သူမ ခံစားခဲ့ရတာ သူမသာအသိဆုံးဖြစ်သည်။

မျိုးရိုးမြင့်တစ်ယောက်ဟာ ကျွန်နဲ့ လက်ဆက်တယ်ဆိုတာ သူမမျိုးရိုး အဆင့်အတန်းဟာ လူပြတ်ရယ်ပြုစရာဖြစ်လာလိမ့်မယ် ။

မောင့်ချစ်သူ(Complete)Tempat cerita menjadi hidup. Temukan sekarang