Chapter 14

3.3K 231 15
                                    

နော်ထဝီ အိမ်ထဲ ဝင်လာတော့ မီးဖိုခန်းထဲက ပန်းကန်ကျ ကွဲသံတွေ ကြားရတာမို့ မီးဖိုခန်းထဲ ဝင်လာခဲ့လိုက်သည်။သူမရဲ့ ချောကလက်ရောင် ပါတိတ်ထမိန်လေးကို အနည်းငယ် မရင်း အလျှင်လိုမိသေးသည်။

မီးဖိုးခန်းထဲကတရစပ် ကျကွဲသံတွေကြောင့် အတော်လေး ကိုဆူညံလွန်းလှသည်။

"မမကြီး ဘာဖြစ်လို့လဲ ဟင်"

"ပတ်သ်ထရစ် ပေါ့ ကျုပ်ကို လူပါးဝ သွားတာ ဒင်းကများ......!"

"မမကြီးရယ် စိတ်လျှော့ပါနော် လာကျုပ်နဲ့ အပါ်တတ်ရအောင်"

သိင်္ဃရီ အတော်လေး ဒေါသထွက်နေသည်ကြောင့် စိတ်ရှိလက်ရှိ အရာအားလုံးကိုပေါက်ကွဲပစ်လိုက်ချင်ပါသည်။ဒီကောင်က ဘာအဆင့် ငဲ့ညှာမပေးဘူးပြောရတာလဲ။အငယ်အနှောင်းနဲ့ရတဲ့ကောင်က ဘာများ အဆင့်အတန်းရှိနေလို့လဲ။

"နော်ထဝီ ငါသွားစရာရှိတယ် "

"ဘယ်သွားမလဲ မမကြီး ကျုပ်ကို အကြောင်းကိစ္စမပြောတော့ဘူးလား"

"သည့်ထက်အရေးကြီးတာရှိတယ် ကျုပ်သွားမှ ဖြစ်မယ်"

မမကြီးထွက်သွားတော့ သက်ပြင်းလေး အသာချရင်း၊တူသောအကျိုးပေးမည်ဆိုတဲ့စကားဟာ ဘယ်တော့မှ မလွဲပါဘူး သူတို့ ညီအစ်မနှစ်ယောက်စလုံး ဖေဖေလေးပေါ်ရော ဒီမောင်နှမတွေ အပေါ်ရော သူတို့မုန်းစွဲထားခဲ့ကြတာ။ဖေဖေကြီးဆုံးသွားတာ  ဖက်ဆစ်ဂျပန်တွေ ကြောင့်သာဖြစ်သည်။သူတို့ညီမအဖို့တော့ နိုင်ငံခြား သားတွေ နယ်မြေကျူးကျော်သူတွေ မုန်းသည် ဖေဖေကြီးသေဆုံး ရတာ သူတို့တွေ ကြောင့်ပဲ။မုန်းစွဲထက် မမကြီးဟာ တုံ့ပြန်မှု အပိုင်းကိုပိုလာသည်။မနာလိုမှု ဝန်တိုမှု ကြောင့် တစ်ခြားသူတွေပါ ထိခိုက်လာပြီ ဖြစ်သည်။နော်ထဝီ မမကြီးကို ရှင်းပြချင်သည်။လမ်းမှာ မလိုက်စေချင်တော့ဘူး။သူသိလာရတဲ့ အမှန်တရား အနည်းငယ်ဟာ ခြုံကြည့်လိုက်ရင် သူမတို့ ညီအစ် မ အမှားဆိုတာ ပေါ်လွင်လာသလိုပင်

🍂🍂

"ဟုတ်တယ် ကျုပ်လုပ်ခိုင်းတာ အဆင်ပြေရင် နင်တို့ကို နှစ်သိန်းပေးမယ်"

မောင့်ချစ်သူ(Complete)Where stories live. Discover now