ဒီလိုနဲ့
နေ့လည်စာစားပြီးတော့အားကစားချိန်မလို့အားကစားထဲရောက်လာတော့minaကbambamနဲ့ဘဲရှိနေခဲ့သည်..
chaeyoungလဲအားကစားချိန်ကိုနေနေလိုက်ပြီး၎နာရီရောက်တော့ကျောင်းဆင်းဖို့တစ်နာရီလိုသေးတာမလို့တခြားသူတွေကိုပြောပြီးစာကြည့်တိုက်ကိုစာအုပ်သွားပေးမှာမလို့အရင်သွားနှုင့်လိုက်သည်..Minaကအတန်းဆင်းတော့...
Mina- "hey..ခုနကကြည့်နေတာchaeyoungတစ်ယောက်ဘယ်ရောက်သွားလဲမတွေ့မိလို့"
Tzuyu- "သူစာကြည့်တိုက်မှာစာအုပ်တစ်ချို့သွားယူဖို့ရှိတာကြောင့်စောစောထွက်သွားတယ်unnie"
Mina- "အော်အင်း.."
Nayeon- "ဒါဆိုငါတို့ပြန်တော့မယ်နော်bye bye Mina"
Mina- "bye bye"
အားလုံးပြန်သွားကြတော့minaလဲပြန်ဖို့အပြင်ထွက်လာလိုက်သည်..ဒါပေမယ့်ကားပါကင်မှာchaeyoungရဲ့ကားကိုမြင်လိုက်တော့စာကြည့်တိုက်ဘက်လိုက်သွားဖို့လုပ်လိုက်သည်..
စာကြည့်တိုက်ရောက်တော့chaeyoungကိုရှာခဲ့ပေမယ့်မရှိတာကြောင့်chaeyoungရှိနိုင်မယ့်ဘောလုံးကွင်းဘက်လာခဲ့လိုက်သည်..
ခုံတန်းရှည်မှာတစ်ယောက်တည်းထိုက်နေပြီးစာဖတ်ရင်းဆေးလိပ်သောက်နေတဲ့chaeyoungကိုတွေ့တော့သူ့ဆီသွားလိုက်လေသည်..
Mina- "chaeyoung...."
Chaeyoungလည်းminaခေါ်လိုက်တာကိုမော့ကြည့်ပြီးသူစာသူဘဲပြန်ဖတ်နေလိုက်သည်..ဆေးလိပ်ကိုတော့မီးသတ်လိုက်သည်..
Mina- "နင်ဒီမှာဘာလုပ်နေတာလဲအိမ်မပြန်သေးဘူးလားမှောင်လာတော့မယ်"
Chaeyoung- "မိုးတွေတက်လာရုံပါမမှောင်သေးပါဘူး"စာအုပ်ကိုဘဲကြည့်ရင်းပြန်ဖြေလိုက်သည်..Mina-"ဒါနဲ့နင်ဆေးလိပ်ဖြတ်မယ်ဆို..?"
Chaeyoung- "တစ်ယောက်တည်းမလို့သောက်နေတာပါ"
Chaeyoungကစကားကိုတုံးတိပြတ်ပြောနေပြီးminaကိုကြည့်တောင်မကြည့်တာမလို့minaအနည်းငယ်တော့စိတ်မကောင်းဖြစ်မိသွားသည်..
ခနနေတော့chaeyoungကသူ့စာအုပ်တွေကိုလွယ်အိတ်ထဲထည့်ပြီးသွားဖို့လုပ်လိုက်တော့minaက chaeyoungရဲ့အင်္ကျီစလေးကိုဆွဲလိုက်ပြီး...
YOU ARE READING
Flavor of our love
Fanfictionကိုယ်သဘောကျမိတဲ့သူကကိုယ့်ကိုပြောင်းလဲပေးနိုင်တာကိုသတိထားမိတဲ့အခါချစ်နေတာြသူကိုဖွင့်ပြောလို့ဖြစ်နိုင်မလား?ကိုယ့်ကိုတခြားတစ်ယောက်လိုပြောင်းလဲပေးနိုင်သလိုအခြေအနေနဲ့ဆက်ဆံရေးတွေကိုပြောင်းလဲပစ်ချင်တယ်...သူငယ်ချင်းထက်ပိုတယ်ထင်တယ်... ငါတို့ရဲ့အချစ်တွေကဘယ်လ...