Part-10

244 17 0
                                    


Nayeon- "ငါနင့်ကိုဒေါသထွက်နေတာဘဲမှတ်မိတယ်"လို့မျက်မှောင်လေးကုတ်ကာပြောလိုက်တော့

Jeongyeon-"ဒီမှာမျက်နှာကဒဏ်ရာတွေကိုတွေ့လား?"nayeonနားကိုကပ်ပြီးကုတင်ပေါ်မှာမျက်နှာချင်းဆိုင်ထိုင်လိုက်လေသည်.

Jeongyeon-"တခြားဒဏ်ရာတွေတော့ထားပါ..ဒီနှုတ်ခမ်းကဒဏ်ရာ..ဒါnayeon ssiကပါးရိုက်ထားတာပါဆိုရင်ရောမှတ်မိမလား?"လို့နှုတ်ခမ်းကဒဏ်ရာကိုလက်ညိုးထိုးပြကာမေးလိုက်လေသည်.

Nayeonညကအကြောင်းကိုပြန်တွေးလိုက်တော့jeongyeonကသူ့ကိုဒေါသထွက်အောင်ပြောပြီးသူjeongyeonရဲ့ပါးကိုရိုက်လိုက်တာကိုသတိရသွားလေသည်.

Nayeon-"နင်ငါ့ကိုအရင်ဒေါသထွက်အောင်လုပ်ခဲ့တာလေ"လို့မျက်နှာကိုဘေးကိုလွှဲကာပြောလိုက်တော့

Jeongyeon- "ဘာလို့လဲတခြားသူတွေနဲ့ရှိနေလို့မလား?ဒါသဘာဝပါဘဲNayeonssiနဲ့ကသူငယ်ချင်းဆိုတော့တခြားသူငယ်ချင်းမဟုတ်တဲ့သူတွေနဲ့တော့ရှိလို့ရတာဘဲမဟုတ်လား?"
Jeongyeonကnayeonသဝန်တိုတာသိတော့ဒီထက်ပိုသိချင်တာကြောင့်ဒီလိုပြောလိုက်လေသည်.

Nayeon-"နင့်ဟာနင်ရှိချင်တဲ့သူနဲ့ရှိနေပေါ့..ငါဂရုမစိုက်ဘူး..ငါခုပြန်တော့မယ်"လို့လေသံမာမာနဲ့ပြောကာ
သူ့ရဲ့အပေါ်ထပ်လေးနဲ့အိတ်ကိုယူပြီးအခန်းထဲကထွက်မယ်လုပ်တော့jeongyeonကတံခါးကိုကာပိတ်လိုက်ပြီး..

Jeongyeon- "ခုလိုဘာလို့ဖြစ်နေတာလဲပြောအုံးလေ"

Nayeon- "jeongyeon ငါပြန်ပါရစေ"

Jeongyeon-"ဘာမှမပြောရင်ဒီကနေထွက်ဖို့ရှိမှာမဟုတ်ဘူးနော်"

Jeongyeonဒီလိုပြောလိုက်တော့ခေါင်းငုံထားတဲ့nayeonကjeongyeonကိုမော့ကြည့်လိုက်ပြီး..

Nayeon- "ငါ..ငါနင့်ကိုသဘောကျနေမိလို့..ဟုတ်ပြီလား!..သဝန်တိုလို့ဒေါသထွက်လို့..ငါကအနှောက်အယှက်ဖြစ်တယ်လို့သိရလို့!...ဘာလို့ဒီလိုခံစားချက်တွေဖြစ်လာမှန်းမသိပေမယ့်..ငါခံစားချက်တွေရပ်လို့မရဘူး!...ငါတို့သုံးနှစ်ထပ်မနည်းရှိခဲ့ကြပေမယ့်နင်ကသုံးလလောက်စိုက်ထားတဲ့အပင်အတွက်နဲ့ငါ့ကိုအနှောက်အယှက်ဖြစ်တယ်လို့ပြောခဲ့တယ်လေ!ဒီလောက်ဆိုရပြီမလားငါသွားတော့မယ်"ငိုနေရင်းပြောပြီးထွက်သွားဖို့လုပ်ပေမယ့်jeongyeonကNayeonရဲ့လက်ကိုဆွဲလိုက်ပြီးnayeonကိုဖက်လိုက်လေသည်nayeonရုန်းပေမယ့်jeongyeonဖက်တာကြောင့်သူ့ကိုပြန်ဖက်ပြီးတော့သာငိုလိုက်လေသည်...ပြီးတော့nayeonအငိုတိတ်သွားတော့jeongyeonကဖက်တာကိုဖြေလိုက်ပြီး

Flavor of our loveWhere stories live. Discover now