နောက်နေ့မနက်ရောက်လေတော့jeongyeon, nayeonနဲ့jihyoတို့ဆိုင်တစ်ဆိုင်တွင်ထိုင်ကာမနက်စာစားနေကြရင်းJihyo-"Sanaနဲ့tzuyuတို့အဆင်ပြေကြရဲ့လားမသိဘူး"
Nayeon-"ငါ့အထင်တော့မပြေလောက်ဘူး sanaကစိတ်တိုရင်တကယ်ကြောက်ဖို့ကောင်းတယ်"
Jihyo-"ဒါနဲ့လူတွေတစ်ယောက်နဲ့တစ်ယောက်ကခံစားချက်ရှိနေတာကိုဘာလို့ဖုံးကွယ်ချင်ကြတာလဲ?"
Jeongyeon-"အ့အရာကသူတို့တန်ဖိုးထားရတဲ့အရာဆိုဆုံးရှုံးသွားမှာဆိုးလို့ပေါ့..ကိုယ်တန်ဖိုးထားရတဲ့ပစ္စည်းလေးတစ်ခုကိုဒီတိုင်းအလှထားကြည့်နေတုန်းကအကောင်းယူပြီးကြည့်ကာမှပျက်စီးသွားရင်ကိုယ့်အမှားဘဲမလား?..အမှားသေးသေးလေးနဲ့တော့ဘယ်သူမှကိုယ်တန်ဖိုးထားရတာဆုံးရှုံးချင်မှာမဟုတ်ဘူးလေ"
Jihyo-"aww..အ့ဆိုတန်ဖိုးထားခံရတာမျိုးပေါ့"
jeongyeon-"omm"
Nayeon-"နင်တို့နှစ်ယောက်ဘယ်ကနေဘယ်လိုစကားကိုအတည်ကြီးတွေပြောနေတာငါကြက်သီးတောင်ထတယ်"လို့အံ့သြရင်းမေးလေတော့
Jeongyeon-"Hee..ဒီတိုင်းစကားဆက်မိလို့ပြောကြရုံပါ"
Jihyo-"ဟုတ်ပါတယ် unnieကလဲ"
Nayeon-"ဟုတ်ပြီစားကြပြီးရင်တခြားနေရာသွားမယ်"
Jeongyeonကတော့မပြောမဆိုပါးစပ်နားမှာပေနေတဲ့ပေါင်မုန့်ကcreamလေးကိုလက်မနဲ့သုတ်လိုက်ပြီးသူ့လက်မကိုပါလာတဲ့creamကိုစားလိုက်လေသည်.
Nayeonလဲရှုက်သွားပြီးjeongyeonရဲ့လက်မောင်းကိုအသာရိုက်လိုက်ပြီးရှုက်ရမ်းရမ်းနေတာပေါ့.jihyoကတော့ထိုနှစ်ယောက်ကိုကြည့်ကာ
Jihyo-"အားနာကြပါအုံးရှင်!"
ဒီလိုထပြောလေတော့ဟိုနှစ်ယောက်လဲရယ်ပြီးမနက်စာသာဆက်စားကြလေသည်.
YOU ARE READING
Flavor of our love
Fanfictionကိုယ်သဘောကျမိတဲ့သူကကိုယ့်ကိုပြောင်းလဲပေးနိုင်တာကိုသတိထားမိတဲ့အခါချစ်နေတာြသူကိုဖွင့်ပြောလို့ဖြစ်နိုင်မလား?ကိုယ့်ကိုတခြားတစ်ယောက်လိုပြောင်းလဲပေးနိုင်သလိုအခြေအနေနဲ့ဆက်ဆံရေးတွေကိုပြောင်းလဲပစ်ချင်တယ်...သူငယ်ချင်းထက်ပိုတယ်ထင်တယ်... ငါတို့ရဲ့အချစ်တွေကဘယ်လ...