နောက်နေ့မနက်ကျောင်းဖွင့်ရက်ရောက်လေတော့Dahyunနဲ့momoတို့ကျောင်းရောက်လာပြီးဆရာကအတန်းတွေခုနေ့လည်အားလပ်ချိန်ပေးမယ်ဆိုတာကြောင့်အရင်နေ့ကပျက်ကွပ်လိုက်တဲ့စာတွေကူးဖို့စာကြည့်တိုက်သို့ရောက်လာကြလေ၏.
အခြားသူတွေကသူတို့လုပ်စရာရှိတာလုပ်နေကြတာကြောင့်Momoလဲခေါ်မလာခဲ့ပေ..Dahyunနဲ့စာတွေကူးနေပင်မယ့်နေ့လည်ပိုင်းကိုအနားပေးလိုက်တာကြောင့်ကျောင်းတွင်ကျောင်းသားကျောင်းသူတွေလဲမရှိကြတော့ဘဲအိမ်ပြန်ကြသူကပြန်သွားကြလေသည်.
Momoလဲစာတွေကူလုပ်ပေးရင်ပျင်းလာတော့dahyunစာလုပ်နေသည့်ဘေးတွင်အိပ်ငိုက်နေလေ၏.
Dahyunလဲငြိမ်သွားတဲ့momoကိုကြည့်လိုက်တော့အတော်ငိုက်နေတာကိုတွေ့ပြီးပြုံးမိလိုက်လေတယ်..
Momoကိုခနကြည့်နေရင်းmomoအောက်ဘက်ကိုငိုက်ကျသွားတော့ခုံနဲ့ရိုက်မိမှာဆိုးလို့ခေါင်းအောက်သို့လက်အမြန်ခံလိုက်ပြီးကာလိုက်လေသည်.Dahyunအမြန်မှီလိုက်လေတာကြောင့်သက်ပြင်းတစ်ချက်ချလိုက်လေရင်းပါးစပ်ကမှုတ်လိုက်တဲ့လေတစ်ချို့ကြောင့်momoရဲ့ရှေ့ဆံပင်လေးတွေလှုပ်ခတ်သွားလေတယ်.
Dahyunတစ်ယောက်momoရဲ့ဆံပင်လေးအားသိမ်းတင်ပေးရင်းချစ်ဖို့ကောင်းတဲ့momoရဲ့မျက်နှာလေးကိုငေးကြည့်နေခဲ့မိလေသည်.
Dahyun-"ဒီလိုလဲချစ်စရာလေးဘဲ"လို့ပြုံးကာပြောမိနေရင်းခေါင်းအောက်ကခံပေးထားတဲ့လက်ကလက်မလေးနဲ့ခေါင်းလေးကိုဖွဖွလေးပွတ်ပေးလေ၏.
၅မိနစ်လောက်နေလေတော့Momoရဲ့ဖုန်းမြည်လာလေတော့momoမျက်လုံးလေးဖွင့်လာလေပြီးရှေ့မှာရှိနေတဲ့dahyunကိုကြည့်ကာအိပ်ချင်မူးတူးလေးပြုံးပြလေသည်.
Dahyun-"ဖုန်းလာနေတယ်လေ မကိုင်တော့ဘူးလား?"လို့ပြောလေတော့မှ
Momoအိပ်နေရာမှခေါင်းထောင်လိုက်ပြီးရှုက်ကာ
Momo-"ahh sorry..ငါကအိမ်မက်ထင်နေတာ"လို့ခေါင်းလေးကုတ်ကာပြန်ပြောလေတယ်.Momoအိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီးကိုင်လိုက်လေ၏.
Momo-"nae oppa?"Dahyunလဲmomoကoppaလို့ခေါ်လိုက်တာကြောင့်ဘယ်သူ့ဖုန်းလဲသိသွားလေပြီးအိမ်စာကိုပြန်လုပ်ဖို့ပြင်ဆင်လိုက်လေသည်.
YOU ARE READING
Flavor of our love
Fanfictionကိုယ်သဘောကျမိတဲ့သူကကိုယ့်ကိုပြောင်းလဲပေးနိုင်တာကိုသတိထားမိတဲ့အခါချစ်နေတာြသူကိုဖွင့်ပြောလို့ဖြစ်နိုင်မလား?ကိုယ့်ကိုတခြားတစ်ယောက်လိုပြောင်းလဲပေးနိုင်သလိုအခြေအနေနဲ့ဆက်ဆံရေးတွေကိုပြောင်းလဲပစ်ချင်တယ်...သူငယ်ချင်းထက်ပိုတယ်ထင်တယ်... ငါတို့ရဲ့အချစ်တွေကဘယ်လ...