တနင်္ဂနွေနေ့တွေဟာ သိပ်ပျော်ဖို့ကောင်းသည်
လူရှင်းတဲ့ပန်းခြံတစ်ခုမှာ ပုံထိုင်ဆွဲမလားနားကြပ်ကလေးတပ်ရင်းအေးအေးလူလူအနားယူမလား
မြေအောက်ရထားဂိတ်မှာ mask ကလေးတပ်ပြီး လာသမျှလူကိုထိုင်ငေးနေမလားဒါမှမဟုတ်မကြာခင်ကတိတ်တဆိတ်၀ယ်ယူထားတဲ့ mini condo ဆီအစားအသောက်အစုံယူသွားပြီး စာအုပ်ထိုင်ဖက်နေမလား ရွေးချယ်စရာတွေနဲ့စိတ်သက်သာရာကာလတိုလေးတစ်ခုပေါ့
လူတွေဆီက ဂရုဏာသက်သလို အကြည့်တွေ
ဟန်ဆောင်ပန်ဆောင် ကိုယ်ချင်းစာတရားတွေ
သနားစရာလူလို ဆက်ဆံပေးတာတွေသူတကယ်စိတ်ကုန်နေခဲ့တာ
အဓိကတရားခံကတော့ ကင်ထယ်ယောင်းဆိုတဲ့
သူ့အချစ်ဦး "ခုတော့သူအမုန်းရဆုံး"သူကနေစတင်ခဲ့တာပဲပေါ့ သူတကယ်အားလုံးကိုမေ့ပစ်ချင်ပေမဲ့
ခြောက်လကျော်ကြာတဲ့ထိ နေသားမကျသေးနာကျင်နေရတာလား သတိရနေမိတာလား
No ပါ ကင်ဆော့ဂျင်ကအဲလောက်ပျော့ညံ့တဲ့လူမဟုတ်
အေးအေးဆေးဆေး နေတက်ပေမဲ့ ခံစားလွယ်တဲ့သူလည်းမဟုတ်ဒီကိစ္စအတွက် နာကျင်ပြိုလဲခဲ့ရတယ်ဆိိုရင်တောင်
ဒါက မာနထိခိုက်ခဲ့လို့ပဲ ယုံကြည်မှုကိုဖျတ်ဆီးခဲ့တဲ့အချစ်ဦးနဲ့ 3နှစ်လောက်ချစ်သူကို ယုံကြည်ပြီး အနာဂတ်တွေအထိစီစဥ်နေတဲ့သူ့ကို နောက်ကွယ်မှာဟားတိုက်နေမဲ့ သူ့ရဲ့နောက်လူမျက်နှာကို မြင်ယောင်တိုင်း ကင်ယယ်ယောင်းကို သတ်ပစ်ချင်စိတ်တွေတဖွားဖွားအင်း တွေးကြည့်ပေါ့ 9 နှစ်ကျော် rs တစ်ခုကို ဆိုးဆိုးရွားရွား အရှက်တကွဲ မမျှော်လင့်ထားတဲ့အနေအထားနဲ့ Break ခဲ့ရတာလေ
နာမည်အတန်အသင့်ရှိတဲ့ * blue moon *ဖက်ရှင် ကုမ္ပဏီ ပိုင်ရှင် ရဲ့သား ချောမောပြီး
ပြစ်ချက်မရှိ ငယ်ငယ်တည်းကတွဲခဲ့တဲ့ရည်းစားဦးလေးနဲ့ 9 နှစ်တာ rs ကိုလူတွေအားကျစရာကောင်းအောင်တည်ဆောက်နိုင်တဲ့သူ
အလုပ်မှာပြတ်သားပြီး စေ့စပ်သေချာသူအဲလိုလူအားကျစရာ စံပြသဌေးသားလေးဘ၀ကနေ
လူမသိအောင်ဖောက်ပြန်ခံရပြီး နွားအဖြစ်3နှစ်လုံးမသိဘဲနေခဲ့ရတဲ့
စေ့စပ်ပွဲမှာ
ရွံစရာ HD ကြီးပေါ်လာပြီး အရှက်တကွဲပြိုလဲ