"ကိုကို...."
ဖြေလေဗျာ ကျွန်တော့်ကိုဘာလို့မဆက်သွယ်ချင်ရတာလဲလို့.....
ဂျောင်ကု ကိုကိုဟု တစ်ခါခေါ်တိုင်း ဆော့ဂျင်ကြက်သီးတွေပါထရသည်..
ဒီကြားထဲ ကြွတ်သားဗလတွေနဲ့ မလိုက်မဖက်ချွဲသလိုလိုပြောနေသေးသည်...
'ရုပ်ကလေးကတော့ ချွဲရင် ချစ်စရာကောင်းတာ ၀န်ခံရမည်'ကင်ဆော့ဂျင်ဘေးက သူ့ကျောပိုးအိတ်ကိုယူပြီး
ထထွက်သွားဖို့ပြင်လိုက်သည်...
သူဒီကောင်လေးနားဆက်နေရင် ဘာဆက်ဖြစ်မလဲမပြောနိုင်...
"ဟာ ကိုကိုကဘယ်လဲဗျာ စကားပြောနေတာကို မသွားပါနဲ့လို့"
သူ့ရှေ့ကပိတ်ကာပြီးရပ်နေတဲ့ ဂျောင်ကုရယ်ပါ
ကောင်လေးကြည့်ရတာ အတော်နဲ့လက်လျော့မဲ့ပုံမပေါ်...
အဲဒါမို့ သူခဏလောက် စကားပြောပြီး အပြတ်ဖြတ်ခဲ့ဖို့ဆုံးဖြတ်လိုက်သည်...
ဆော့ဂျင်အိတ်လေးကို ချပြီး ပြန်ထိုင်ရင်း
"ဒီမယ် ဂျွန်ဂျောင်ကုရှီး မင်းမေးတာကိုဖြေပေးမယ်
ဘာလို့မင်းကိုမဆက်သွယ်ချင်ခဲ့လဲဆိုတော့
ငါ့ဘ၀မှာ လူပိုတွေထပ်မလိုလို့ပဲ...
ငါ့တစ်ကိုယ်ရည်စာ ငြိမ်းအေးပျော်ရွှင်မှုကိုလည်းငါကိုယ်တိုင်ရှာနိုင်ပြီး...
ငါ့အနားရှိတဲ့ မိသားစုအပေါင်းအသင်းအနည်းစုက
ငါ့အတွက်လုံလောက်နေပြီ...
အခြားသူစိမ်းတွေနဲ့ မိတ်ဆွေသစ်ဖွဲ့
အလာဘ သလာဘ ပြောဖို့ငါစိတ်မ၀င်စားလို့ပဲ....
မင်းသိချင်တာဖြေပေးပြီးပြီမို့
သွားတော့မယ်"
ကျွန်တော်က ကိုကိုနဲ့မိတ်ဆွေဖြစ်ချင်တယ်ပြောလို့လား " ကိုကို့ကောင်လေးဖြစ်ချင်တာဗျ"
"ငါတော့မဖြစ်ချင်ဘူး သွားပြီ"
မသွားပါနဲ့လို့.....
ဂျောင်ကုပြောလည်းပြောရင်း ဆော့ဂျင်ကျောပိုးအိတ်ကကြိုးစကိုဆွဲထားသည်.....လူကသာ ငိုမဲ့မဲ့နဲ့ကလေးလိုလုပ်နေတာ
အားကြီးတာတော့တော်ရုံမဟုတ် ဂျောင်ကုအသာလေးဆွဲထားတာတောင် ဆော့ဂျင်ရှေ့တိုးမရ...."ကိုကို ကျွန်တော့်ကိုတာ၀န်ယူရမယ်လို့..."
ဂျောင်ကုပုံမှန်ပြောနေတာထက် 2ဆလောက်ကျယ်အောင်ထအော်လိုက်တာပင်ဖြစ်သည်"ရား မင်းရူးနေလား ဒါ public မှာနော် ငါ့ကိုတမင်အရှက်ခွဲနေတာလားဟမ်"
ဆော့ဂျင် တကယ်စိတ်ဆိုးတာမို့ ခပ်တင်းတင်းပြန်ပြောတော့..
က၀ေကောင်လေးက အပြစ်အလုပ်ထားသလို မျက်နှာပေးနဲ့ မျက်ရည်၀ဲပြလာပြန်သည်
တက်နိုင်ရန်ကော ဂျောင်ကုရယ် မင်းကဘာလေးလဲကွာ.......
ဆော့ဂျင် ဒီတိုင်းထွက်သွားဖို့ တွေ၀ေစိတ်၀င်လာတာတော့သေချာသည်....
မဖြစ်ဘူးဆော့ဂျင် မီးမှန်းသိရင်မထိနဲ့ ဘာကိုမှမစလိုက်နဲ့ စိတ်ဖြတ်လိုက် ထွက်သွားလိုက်...