Again ❤ part 27⚠️

2.3K 153 19
                                    

အနက်ရောင်  suit နဲ့ရင်ဘက်ပေါ်မှာနေကြာပွင့်ကလေးဆင်တူကပ်ထားတဲ့   နမ်ဂျွန်းတို့စုံတွဲဟာ
နတ်ဖက်တဲ့ဖူးစာတွေအလား    သိပ်ကိုလိုက်ဖက်လွန်းသည်.....

တောက်ပနေတဲ့  ဟိုဆော့ရဲ့အပြုံးတွေရယ်   ပါးချိုင့်ခွက်တွေထင်းနေအောင်ပြုံးနေတဲ့ နမ်ဂျွန်းရယ်...
အ၀ေးကလှမ်းကြည့်မိရုံနဲ့     တကယ်ကိုကြည်နူးပျော်ရွှင်နေကြောင်း   သိနိုင်လောက်ထိ    သူတို့ပြုံးပျော်နေခဲ့ကြတာ.....

"ကိုကို    မောင်တကယ်အားကျနေပြီ  သိလား...."

"အင်း   တကယ်လိုက်ဖက်ကြတာပဲ...."

"မောင်တို့အလှည့်ကျရင်ရော  ဘယ်လို၀တ်စုံ၀တ်ချင်လဲကိုကို....."

"Sky blue နဲ့ baby pink ....."

"ဘာ၀တ်၀တ်   ကိုကိုနဲ့တော့အရမ်းလိုက်ဖက်ကြည့်ကောင်းနေမှာသေချာတယ်...."

"မောင်ရောပဲ  ဘာ၀တ်၀တ်ခန့်ညားချောမောနေမှာ..."

"မောင်တို့က   အရမ်းချောကြတော့ သိပ်တော့ရွေးစရာမလိုဘူးပဲ  ဟဲဟဲ...."

"ဒါပေါ့မောင်ရ  သောက်ချောကြီးတွေပဲကွာ
ညအိပ်၀တ်စုံနဲ့ဆိုရင်တောင်တောက်ပနေမှာ   ဟိဟိ...."

အားလုံးရဲ့ အာရုံကကတိသစ္စာပြုနေတဲ့  နမ်ဂျွန်းနဲ့ဟိုဆော့ဆီရောက်နေပေမဲ့     ဆော့ဂျင်တို့အတွဲ2ကတော့နှစ်ကိုယ်ကြားတွတ်ထိုးလို့မဆုံးနိုင်
တစ်ခါတစ်လေ  ရယ်သံပါထွက်လာတဲ့ထိ  ခွီနေကြသေးတာမို့    ဘေးကလူတွေ၀ိုင်းကြည််တာပါခံနေရသည်......
ဒါပေမဲ့လည်းမမှူပါ
ဘယ်သူတွေရှိရှိ  အချစ်နဲ့ဆိုရင်တော့နှစ်ယောက်ထဲကမ္ဘာတည်နေမိတက်ကြတာသဘာ၀ပဲလေ....

မင်္ဂလာပွဲပြီးပြီးချင်း   ခဏဆိုပြီးလှစ်ခနဲပျောက်သွားတဲ့ဆော့ဂျင်ကိုဂျောင်ကုလိုက်ရှာနေမိသည်....

ဒီကိုကိုပေါက်စ ဘယ်တွေလျှောက်သွားနေပါလိမ့်...

......

Hyung  ခဏဟုဆိုတာ   ဘုရားကျောင်းအပြင်ဘက်လူရှင်းတဲ့ဆီခေါ်လာတဲ့   ဆော့ဂျင်ကြောင့်
နမ်ဂျွန်းမအူမလည်နဲ့လိုက်လာရသည်....

"ဆော့ဂျင်  ဘယ်ထိသွားမလို့လဲ  အထဲမှာဟိုဆော့တစ်ယောက်တည်းလေ...."

AGAIN (Complete)Dove le storie prendono vita. Scoprilo ora