"ဆော့ဂျင် အခန်းထဲခဏလာခဲ့ Hyung နဲ့စကားပြောရအောင်......"
ဂျောင်ကုကတော့မျက်လုံးကလေး၀ိုင်းပြီးဆော့ဂျင်တို့ညီအစ်ကိုနှစ်ယောက်ကိုလိုက်ကြည့်နေရှာသည်....
ဆော့ဂျင်ကတော့ ဂျောင်ကုကိုမျက်လုံးတစ်ဖက်မှိတ်ပြပြီး အေးဆေးပဲ မပူနဲ့ဆိုတဲ့ပုံစံလုပ်ပြသွားသည်....
"ဆော့ဂျင် ဂျောင်ကုနဲ့ဘယ်တုန်းကတွဲဖြစ်တာလဲ..."
"ဒီနေ့ပဲ hyung... "
"သိတာရောကြာပြီလား ..."
"သုံးလကျော်လောက်ပဲရှိသေးတာ ...."
"ငါတို့ ဆော့ဂျင်နီးလေး ခုလိုအချစ်သစ်တစ်ခုကို
မြန်မြန် ပြန်စနိုင်တာ hyung ၀မ်းသာပါတယ်
မနေ့ကဂျောင်ကုအကြောင်းနည်းနည်းစုံစမ်းကြည့်သေးတယ်....
ကောင်လေးကပြောစရာပြစ်ချက်လည်းမရှိတော့
Hyung လည်းကန့်ကွက်စရာမရှိဘူး...ဒါပေမဲ့ တွေ့တာလည်းမကြာသေးတာရော
ဆော့ဂျင်လည်းအချိန်ယူဖို့လိုတယ်မလား...တစ်ဆင့်ချင်းဖြည်းဖြည်းသွားကြပေါ့
ဒီညတော့အိမ်ပြန်လိုက်ခဲ့နော်....."ဘာမှမသိသေးပဲ ဂျောင်ကုနဲ့လွန်လွန်ကြူးကြူးဖြစ်မှာစိုးနေတဲ့သူ့နမ်ဂျွန်းစကားကြောင့်် ဆော့ဂျင်ရယ်ချင်သွားသည်...
ငါ့ hyung ကတယ်အဘိုးကြီးပဲ အသက်က30စွန်းစွန်းလေးကို အလုပ်ထဲပဲနစ်မြုပ်နေတာနဲ့
လက်ရှိလူငယ်တွေအကြောင်းမသိတော့ဘူးပဲ...." Hyung အဲဒီအတွက်စိတ်မပူပါနဲ...."
"ဒါဆို hyung နဲ့အိမ်ပြန်လိုက်မှာလား...."
"ဟင်အင်းဂျောင်ကုနဲ့နေခဲ့မှာ
ဘာလို့ဆို ကျွန်တော်တိို့က hyung စိုးရိမ်နေတာတွေအကုန်ဖြစ်ပြီးပြီမို့ ပူစရာမလိုတော့ဘူးပြောတာ....."ဆော့ဂျင်ရဲ့ပွင့်လင်းတဲ့ အပြောကြောင့်နမ်ဂျွန်းမျက်နှာပါရဲတက်လာရတော့သည်.....
"ဆော့ဂျင်ပြောတော့ ဒီညမှအဖြေပေးတာဆို..."
"Hyung ကအဘိုးကြီးလား ခုခေတ်မှအဲဒါမျိုးတွေကပုံမှန်ဖြစ်နေကျပဲလေ
ရည်းစားလေးဘာလေးထားလိုက်ဦး လက်ရှိပြင်ပလောကကို hyung နားလည်ဖို့လိုနေပြီသိလား...."