အပြင်မှာ တစ်ခါမှမမြင်ဖူးပေမဲ့ ကင်ထယ်ယောင်းရဲ့ဖုန်းထဲမှာ နှစ်ယောက်တွဲပုံလေးတော်တော်များများရှိနေတာမို့ သူ့ရှေ့ကလူကပတ်ဂျီမင်းမှန်း
ဆော့ဂျင်တန်းသိသည်...."မင်းက ဘယ်လိုမျက်နှာပြောင်တိုက်ပြီး ငါ့ရှေ့ပေါ်လာတာလဲ....."
ဆော့ဂျင်ရဲ့အေးစက်တဲ့မေးခွန်းအဆုံး ရုတ်တရက်ဒူးထောက်လိုက်တဲ့ ပတ်ဂျီမင်း...
ဆော့ဂျင်ကရုတ်တရက်မို့ ဘာလုပ်ရမှန်းမသိပေမဲ့
လျစ်လျူရှုပစ်ခဲ့ဖို့ဆုံးဖြတ်လိုက်သည်..."ခဏလေးပါ ကျွန်တော်ပြောတာလေးခဏလေးပဲနားထောင်ပေးပါ ဆော့ဂျင် တောင်းပန်ပါတယ်
ကျွန်တော်တကယ်တောင်းပန်ပါတယ်...."ဆော့ဂျင် အရာအားလုံးကိုပြန်မဆွချင်ပေမဲ့
ပတ်ဂျီမင်းလာတွေတဲ့ ကိစ္စကိုတော့သိချင်သလိုရှိလာတာမို့"ကောင်းပြီလေ ငါးမိနစ်အချိန်ပေးမယ်
မင်းပြောချင်တာပြောပြီး ငါ့ရှေ့ထပ်မပေါ်လာနဲ့.....""ထယ်ယောင်းက ကျွန်တော့်ဆီပြန်ရောက်လာတည်းက ညဘက်တွေမအိပ်နိုင်ဘူး အမြဲအိပ်ဆေးတွေအလွန်အကျွံသောက်ရတယ်
သူ့စိတ်အခြေအနေက လုံးမကောင်းမလာဘူး..""အဲဒီတော့......"
"ခုကျွန်တော် ထယ်ယောင်းရဲ့ကိုယ်၀န်လွယ်ထားရတယ် ကျွန်တော်ကကိုယ်၀န်လွယ်နိုင်တဲ့ရှားပါးအမျိုးသားပါ ...
ထယ်ယောင်းက သိသိချင်းပျော်ပေမဲ့
ဆော့ဂျင်ဘ၀ကို ထိခိုက်အောင်လုပ်ထားပြီး
သူပျော်နေတာမဖြစ်သင့်ဘူးဆိုပြီး နေ့တိုင်းငိုနေခဲ့တာ ကလေးကိုဖျတ်ချဖို့လဲ မလုပ်နိုင်သလို
မိသားစုဘ၀တည်ဆောက်ရင်လည်း ဆော့ဂျင်အပေါ်မတရားလို့ မဖြစ်သင့်ဘူးလို့တွေးနေပြီး
အရင်ထက်လည်း စိတ်အခြေအနေဆိုးလာတယ် .....""အဲဒီတော့
ငါမင်းကိုခွင့်လွှတ်တယ် မိသားစုဘ၀လေးပျော်ပျော်တည်ဆောက်ပါလို့ပြောပေးစေချင်နေတာလား ပတ်ဂျီမင်းရှီး ......""အဲလိုပြောခွင့်မရှိပါဘူး ကျွန်တော်ဒူးထောက်ရုံနဲ့မလုံလောက်မှန်းသိပါတယ်
ထယ်ယောင်းတောင်းပန်တာလေး လက်ခံပေးဖို့တောင်းဆိုချင်တာပါ ဆော့ဂျင်
လူ့လောကထဲမရောက်သေးတဲ့ အပြစ်မဲ့တဲ့ကျွန်တော်တို့ကလေးအတွက်ပါ အဟင့်...."