ဒီနေ့ကတော့ ဂျွန်ဂျောင်ကုတို့အတွက်
Lucky day ပေါ့
2ပတ်လုံးရှာခဲ့ရတဲ့ ကိုကို့ကိုလည်းပြန်တွေ့တယ်
ကိုကိုနေတဲ့ ကွန်ဒိုကိုလည်းသိခဲ့ရပြီ...ခုတော့ အိမ်ပြန်ပြီး ကို့ကိုအကြောင်းတွေ
မွှေနောက်ရှာဖွေရမယ် ဟားဟား...အရင်ဆုံးဂျောင်ကုအိမ်ပြန်ရောက်တော့
ဆော့ဂျင်ဆီ ဖုန်းဆက်လိုက်တယ်
တူ..တူ..တူ...
တစ်ခါ .. နှစ်ခါ ..သုံးခါ..နောက်ထပ် နောက်ထပ်
ဆယ်ခါကျော်တဲ့ထိ သူ့ဖုန်းကို ကိုကိုကမကိုင်ပါ...
ဒါကဘယ်လိုတောင် လျစ်လျူရှုရက်ရတာလဲ
ခုဏ နာရီပိုင်းလေးတင်
ကိုကိုက ကတိပေးခဲ့သည်မဟုတ်လား..ဂျောင်ကုကတော့တစ်ယောက်တည်း
အတွေးတွေနဲ့ ၀မ်းနည်းနေမိသည်.....ဘာပဲဖြစ်ဖြစ် စာတော့ပို့ထားရမယ်...
သူ့ပို့တဲ့ စာကိုတော့ဖက်လောက်မှာပါ💬
"အစ်ကို လွမ်းတယ်
ကျွန်တော့်ကို လျစ်လျူမရှုဘူးလို ကတိပေးထားတာမမေ့သေးဘူးမလား🥺🥺🥺ကျွန်တော်က ခုတည်းကအများကြီးလွမ်းနေပြီ
အစ်ကိုနဲ့မတွေ့ရတာ 2 နာရီနဲ့13မိနစ်နဲ့26 စက္ကန့််တောင်ကြာသွားပြီ...
ကျွန်တော့်ကိုစာတော့ပြန်ပို့မယ်မလား
နော်နော်
ချစ်တယ် အစ်ကို .....
ပစ်မထားပါနဲ့နော် ...💬
စာတော့ပို့ထားလိုက်ပြီ
ကိုကိုကတော့ဖက်ပြီးရင် အပိုတွေလုပ်လို့ဆိုပြီး
စိတ်ဆိုးမလားမသိ ..
ဒါပေမဲ့ သူတကယ်လွမ်းနေခဲ့တာ
ကိုကိုရေ အရင်ကရည်းစားပူမိလို့ ငေါင်နေတဲ့သူငယ်ချင်းတွေကို လှောင်ရယ်ခဲ့သမျှ
ခုတော့၀ဠ်လည်ပြီ ထင်ပါရဲ့ဗျာ.....ကိုကိုကတော့ မစရသေးတာတောင် စည်းတွေအထပ်ထပ်ကြိုတားထားလေရဲ့.....
>>>>>
ဆော့ဂျင် အခန်းရောက်ရောက်ချင်း
ဆိုဖာပေါ်ပစ်လှဲလိုက်သည်.....ငါအခု ဘာတွေထပ်လုပ်မိပြန်ပြီလဲ...
ဒီကောင်လေးပုံစံက ထယ်နဲ့မတူတာတော့သေချာတယ်.. ငါ့ကိုတကယ်သဘောကျတာများလား......မဟုတ်ဘူး နောက်တစ်ခါ အချစ်မှာထပ်ကျရှုံးလို့မဖြစ်ဘူး ကင်ဆော့ဂျင်
ဂျောင်ကုက မင်းရုပ်ရည်အပေါ်သဘောကျတာပဲဖြစ်မှာ... လျှောက်မတွေးနဲ့....
ဘာကိုမှ အစစ်အမှန်လို့မယုံလိုက်နဲ့...
လူတွေကအမြဲတမ်းပြောင်းလဲနေတက်တဲ့ သတ္တ၀ါတွေပဲ...
အရာအားလုံး ပုံအပ်ယုံကြည်ပစ်လိုက်ဖို့
ထိုက်တန်တဲ့သူရှိမှာမဟုတ်ဘူး....