ဒါလေးကတော့လေ ဇာတ်လမ်းကို ပေါတောတောကြီးမမြင်စေချင်လို့ ရေးရတာပါ
တကယ်ဆို မန်ဘာတစ်ယောက်ချင်းစီရဲ့ story တွေရှိခဲ့ပေမဲ့ အရမ်းကြီးမရှည်စေချင်တော့တာရယ်
ဒီနှစ်မကုန်ခင် အဆုံးသတ်လိုက်ချင်တာရယ်ကြောင့် mainship အတွက်ပဲဦးစားပေးရေးပြီးအဆုံးသတ်ခဲ့တာပါ မပြောပြရရင်စိတ်ထဲမတင်မကျဖြစ်နေမှာမို့ပါ...ပထမဆုံးကတော့ ဂျီမင်းပါ ဂျီမင်းကအမတ်တစ်ယောက်ရဲ့ တရားမ၀င်သားပါ ရည်မှန်းချက်အတွက်အခြားတစ်ယောက်ကိုလက်ထပ်သွားတဲ့
ဂျီမင်းအဖေကြောင့် ဂျီမင်းအမေက စိတ်နာပြီး သူ့အဘွားနဲ့အတူ
ထယ်ယောင်းမိဘဇာတိဖြစ်တဲ့ ဒယ်ဂူမှာ လာနေခဲ့တာပါ
ပင်ပင်ပန်းပန်းနဲ့ ချစ်ရတဲ့သူကို တမ်းတရင်းအလုပ်တွေဖိလုပ်ခဲ့ရတဲ့ဂျီမင်းအမေဟာ ဂျီမင်း 5 နှစ်သားမှာပဲ အက်ဆီးဒင့်တစ်ခုနဲ့ဆုံးသွားခဲ့တာပါမဆုံးခင် ဂျီမင်းအတွက်အဖေရင်းကိုဆက်သွယ်ပေး
ခဲ့ပါတယ် လက်ရှိအိမ်ထောင်မှာ သားသမီးမရတဲ့
ဂျီမင်းအဖေဟာ သူချစ်ခဲ့ရတဲ့မိန်းကလေးနဲ့ရတဲ့ဂျီမင်းကို ချစ်ခဲ့ပြီး တိတ်တဆိတ်ထောက်ပံ့ပေးခဲ့ပါတယ်....
ဂျီမင်းဟာ သာမန်နွေးထွေးတဲ့ မိသားစုမျိုးမရခဲ့ဖူးပါဘူး
ထယ်တို့ မိသားစုကတော့ သာမန်လူလတ်တန်းစားတွေပါပဲ ခပ်သေးသေးစားသောက်ဆိုင်လေးတစ်ခုနဲ့ဆိုးလ်မှာရုန်းကန်ခဲ့ရတာပါ စီးပွားရေးအရှုံးပေါ်တဲ့နှစ်မှာ ထယ်ယောင်းတို့ညီအစ်ကိုကို ဇာတိကအဘိုးအဘွားတွေဆီ ပို့ထားခဲ့တာပါ
Vminကအသက် 8 နှစ်မှာစဆုံခဲ့ကြတာပါ....အလယ်တန်း 15 နှစ်မှာ ထယ်နဲ့ဂျီမင်းတို့စတွဲခဲ့တာပါ အဲဒီနှစ်ကျောင်းပိတ်ရက်မှာထယ်က မိဘတွေရှိတဲ့ဆိုးလ်မှာခဏသွားနေခဲ့ပါတယ်
စီးပွားရေး အနည်းငယ်အဆင်ပြေလာတဲ့မိဘတွေက
ဆိုးလ်မှာနေဖို့ပြောပေမဲ့ ဂျီမင်းကြောင့်ပဲ ဒယ်ဂူကိုပြန်လာခဲ့ပါတယ်
ဂျီမင်းကတော့ ထယ်သွားပြီးမကြာခင် အဘွားဆုံးသွားတာမို့ ဂျီမင်းအဖေကပဲလူလွှတ်စီစဥ်ပေးပြီး
နိုင်ငံခြားကျောင်းသွားတက်ဖို့ လုပ်ပေးခဲ့တာပါ
ကြိုမသိခဲ့ရတဲ့ဂျီမင်းဟာ ထယ်ကိုဘာမှမရှင်းပြနိုင်ခဲ့ဘဲအစပျောက်သွားရပါတယ်...