Again❤part 7

2.1K 201 5
                                    

အမြဲနာရီ၀က်တစ်ခါလောက်
စာတွေပို့တက်တဲ့ ဂျောင်ကုက
တစ်နေကုန်ဘာစာမှမပို့ထားတာကြောင့်...
ဆော့ဂျင်စိတ်အလိုမကျဖြစ်နေသည်..

အစကသူကိုယ်တိုင်ပဲ စိတ်ရှုတ်တယ်ပြောခဲဲ့ပေမဲ့
လူဆိုတာအကျင့်ဖြစ်သွားရင် ပြင်ရခက်တယ်မလား....

လူဆိုးကောင် ငါ့ကိုချစ်တယ် သဘောကျတယ်ပြောပြီး တစ်လမပြည့်သေးဘူး
ပုံစံပြောင်းသွားပြီပေါ့...
ဆော့ဂျင်စိတ်ထဲ ၀မ်းနည်းသလို ခံပြင်းသလိုဖြစ်လာတာမို့....
အလုပ်ကိစ္စတွေထဲအာရုံစိုက်ကြည့်သော်လည်းမရ..
အတော်နှောင့်ယှက်တဲ့ ကောင်လေးပါလား
ဂျောင်ကုရာ ...
သူတစ်ခုခုဖြစ်နေရင်ရော
နေမကောင်းတာများလား
အက်ဆီးဒင့်
သူ့မိသားစုတစ်ခုဖြစ်တာ..

အားးးး ဘာလို့ငါအဆိုးတွေတွေးမိနေတာလဲ
ဖုန်းဆက်ကြည့်ရမလား
စာပို့လိုက်သင့်လား
ရူးတော့မှာပဲ

နောက်ဆုံး "မင်းအဆင်ပြေပြေရှိနေလား" ဆိုတဲ့
စာတစ်စောင်အားတင်းပြီးပို့လိုက်တော့သည်...

ချက်ချင်းဂျောင်ကုဆီက စာပြန်လာတာ
"ခဏလောက်တွေ့ချင်တယ် ရမလားဟင်အစ်ကို"
တဲ့..
ယုန်စုတ်ချက်ချင်းစာပြန်နိုင်တာပဲ
Sunday မဟုတ်ဘဲမတွေ့ဘူးလို့သူကိုယ်တိုင်
စည်းကမ်းချက်လုပ်ထားပေမဲ့.....
ခုတော့သူကိုယ်တိုင်ချိုးဖောက်ချင်နေမိသည်...

အကျိုးအကြောင်းမေးကြည့်ချင်သည်
ဂျောင်ကုကိုလည်းစိတ်ပူမိသည်..
"တွေ့ရအောင် ငါ့ကွန်ဒိုကိုလာခဲ့  လိပ်စာပို့လိုက်မယ်"
ဆော့ဂျင်အလုပ်လက်စသတ်ရင်း
သူ့ကွန်ဒိုသာထွက်လာခဲ့လိုက်သည်.....

>>>>

အစ်ကိုဟိုဆော့ ပြောသလိုစာမပို့ပဲနေကြည့်တာ
တစ်ရက်နဲ့တင် ကိုကိုက သူ့ကိုစိတ်ပူနေခဲ့တာလေ

ကို့ကိုရင်ထဲရောက်ဖို့ မျှော်လင့်ချက်ကြိုးမျှင်ကလေးကတော့ လင်းလတ်သွားခဲ့ပြီ...
ခုတော့ကို့ကိုကို သွားတွေ့ပါတော့မယ်...
ဒီလိုကြားရက်မှာ လက်ခံတွေ့ထဲက
ကိုကို ဘယ်လောက်စိတ်ပူနေမလဲသိသာနေပြီပဲ...
ဂျောင်ကုခြေလှမ်းတွေမြောက်ကြွနေတော့မည်

AGAIN (Complete)Onde histórias criam vida. Descubra agora