ဒေါက်ဒေါက်
"သားငယ် ဂျောင်ကုလေး မနိုးသေးဘူးလား
အလုပ်သွားရမယ်လေ မနက်စာစားရအောင်....""ဟုတ်ဟုတ် အိုမား...."
ဆော့ဂျင်ပုံမှန်နေ့တွေလိုပဲ တံခါးသွားဖွင့်ပြီးအိုမားကိုပွေ့ဖက်နှုတ်ဆက်ဖို့လုပ်လိုက်သည်...နေ့စဥ်လုပ်နေကြအပြုအမူမို့ ဘေးက အိပ်နေတဲ့shirtless နဲ့ဂျောင်ကုကိုသတိမထားမိလိုက်....
တံခါးဖွင့်ဖွင့်ချင်း အိုမားကမျက်လုံးကလေးပြူးပြီး
သူ့ကိုတစ်လှည့် အခန်းထဲကဂျောင်ကုကိုတစ်လှည့်
ကြည့်နေမှ
သူညကအင်္ကျီမ၀တ်ထားတဲ့ဂျောင်ကုနဲ့
တစ်ကုတင်ထဲအိပ်မိတာသတိရသွားတော့သည်.......အားသွားပြီ ကင်ဆော့ဂျင်ရေ အိုမားတော့သေချာပေါက်အထင်လွဲသွားမှာ....
"ဟို ...ဟို အိုမားအောက်မှာစောင့်နေမယ်နော်
အ၀တ်လဲပြီးရင်ဆင်းလာခဲ့ကြ..."
ဆော့ဂျင်မျက်နှာပူပူဖြင့်သာ ခေါင်းညိတ်ပြလိုက်ရတော့သည်....
ဖြန်း
"ရား ထတော့ ဂျွန်ဂျောင်ကု...."
ဆော့ဂျင် ခုထိမနိုးသေးတဲ့ဂျောင်ကုလက်မောင်းကိုရိုက်ပြီးနှိုးလိုက်သည်"အွန်းကိုကိုလာနမ်း.."
"ဒီယုန်စုတ်ကောင်ကတော့ မင်းကြောင့်အိုမားအထင်လွဲသွားပြီသိလား...
ရူးချင်လိုက်တာ ငါဘယ်လိုရှင်းပြရမှန်းတောင်မသိဘူး..."
"ဟင် အိုမားလား အိုမားကဘာဖြစ်လို့လဲ....""အိုမားလာနှိုးတော့ငါမေ့ပြီးတံခါးသွားဖွင့်လိုက်မိတာ...."
"ကိုကိုမောင်အသတ်ခံရတော့မှာလားဟင်
အစ်ကိုနမ်ဂျွန်းက ကိုက်ပေါက်လိုက်ရင်အရိုးတွေကျိုးကုန်လောက်မှာ ....""ဟ ဟာ့ ဟားဟား"
ခုမှအလန့်တကြား တွေးကြောက်နေရှာတဲ့
ဂျောင်ကုကိုကြည့်ရင်း ဆော့ဂျင်အော်ရယ်မိတော့သည်...."ကိုကို မရယ်နဲ့ဗျာ အိုမားကချက်ချင်းတော့ ဘယ်သူ့ကိုမှမပြောလောက်ပါဘူးနော် မောင်ကြက်သီးထလိုက်တာ...."
"မင်းတကယ်ကြောက်တက်သားပဲ ဟားဟား
ပူမနေနဲ့ မျက်နှာသစ်အ၀တ်လဲပြီးအောက်ဆင်းဖို့သာပြင်...."
ဆော့ဂျင် မျက်နှာသစ်ဖို့မှန်ရှေ့ရောက်မှ သူ့ညအိပ်၀တ်စုံကြယ်သီး2လုံးပြုတ်နေတာ သတိထားမိသွားသည်....