ရုတ်တရက် မီးဖိုခန်းထဲကနေအသားလှီးဓားကိုင်ပြီးပြေးထွက်လာတဲ့ဂျောင်ကုကြောင့် နမ်ဂျွန်းကြက်သီးထသွားရသည်..
ဟုတ်တယ်လေ လူကောင်ချင်းဆိုသူကပိုတောင့်ပေမဲ့
ဓားကြီးနဲ့ဆိုတော့ လန့်ရသည်
ကိုယ်ကတုတ်ပြီး ဓားပြီးလည်းမဟုတ် .."မောင် ....."
ဆော့ဂျင်လည်းလန့်သွားပုံရသည်
စားနေရာကနေ ထလာပြီးဂျောင်ကုဘေးရောက်လာသည်....
ဆော့ဂျင်အမေကတော့ အခြေအနေကိုသာအကဲခတ်နေသည်"နမ်ဂျွန်းHyung hyung ကဘယ်သူ့ကိုလက်ထပ်မှာလဲ
ကျွန်တော့်အစ်ကိုကိုထားပြီး အခြားသူနဲ့လက်ထပ်
တော့မှာလားဟင်.....
ဘာလို့လဲ ဘာလို့လဲ
ကျွန်တော့်အစ်ကိုက ဘာပြစ်ချက်ရှိလို့လဲ...."အနားရောက်လာပြီး မျက်နှာငယ်လေးနဲ့ စိုးရိမ်တကြီးလာမေးနေတဲ့ ဂျောင်ကုကြောင့်
နမ်ဂျွန်း စိတ်သက်သာသွားရသည်....သူ့အစ်ကိုကို ထားပြီး အခြားသူကိုလက်ထပ်မယ်လို့ထင်နေတာကိုး....
"ဂျောင်ကု ဖြည်းဖြည်းမေးပါကွာ ငါပြောပြမယ် မင်းလက်ထဲကဓားကြီးအရင်ချစမ်းပါ ...."
"အာ ဆောရီး ကျွန်တော်ရုတ်တရက်ပြေးထွက်လာတော့ပါလာတာ.....
သွားပြန်ထားလိုက်မယ်....""ပေး မောင် ငါသွားထားလိုက်မယ် hyung ပြောတာပဲအရင်နားထောင်လိုက်...."
"ဟုတ်ကိုကို....."
"တကယ်တော့ ငါလက်ထပ်မှာ မင်းအစ်ကိုဂျောင်ဟိုဆော့ပဲလေ...."
"ဟင် သားကြီးလက်ထပ်မဲ့သူက ဂျောင်ကုအစ်ကို
ဟုတ်လား....""ဟုတ် အိုမား ဂျောင်ကုအစ်ကို၀မ်းကွဲပါ
တက္ကသိုလ်တုန်းကကျွန်တော့် ဂျူနီယာလေ
ခုမှ ဆော့ဂျင်နဲ့ဂျောင်ကုကြောင့်ပြန်တွေ့ကြရတာ.....""ကျွန်တော်က အခြားသူကိုလက်ထပ်မှာထင်လို့လန့်သွားခဲ့တာ.....
အစ်ကိုဟိုဆော့က နမ်ဂျွန်း hyung ကိုအရင်တည်းကချစ်ခဲ့တာတဲ့
ပြန်တွေ့လို့ ပျော်နေခဲ့တာ
အဲဒါမို့
ဒါနဲ့မတွဲရသေးဘူးဆို ဘယ်လိုလက်ထပ်ဖို့ဖြစ်သွားတာလဲ....."