ဂျွန်ဂျောင်ကုဆိုတဲ့ လူဆိုးကလေးက
မခေါ်မချင်းလာထပ်မတွေ့နဲ့ဆိုလို့
ခုသူ့ဆီစာတွေပို့ပြီး ချွဲနေပြန်သည်လေ.....ဒီကောင်လာချွဲတာ ချစ်ဖို့ကောင်းပေမဲ့
အလိုလိုက်ရင်ကိုယ်ပဲလုံးပါးပါးရမှာ....
ခဏခဏတွေ့ပေးလို့ဖြစ်ဘူး...>>>>
ကိုကိုက တစ်ပတ်တောင်ကြာနေပြီ သူ့ကိုခုထိထပ်တွေ့ခွင့်မပေးဘူးလေ..
အရင်ခေါက်တွေ့တုန်းက ကိုကို့ကြောင့်စိတ်လွတ်ပြီးကြမ်းမိသွားတာမို့ ကိုကိုကသူ့ကိုလန့်သွားတာများလား...
"ကိုကိုရေ လွမ်းတယ်...."
"ကိုကို့ကိုဖက်ထားချင်လိုက်တာ တွေ့မယ်လေနော်ဘာမှမလုပ်ဘူးကတိ"
"ကိုကိုရေ ကျွန်တော်ဖျားနေတာ ကိုကိုနဲ့တွေ့ရင်သက်သာမှာထင်တယ်..."အာ ငါရင့်ကျက်မယ်ပြောထားပြီး ခုကလေးကလားတွေစာပို့မိပြန်ပြီ...
ကိုကိုနဲ့တွေ့ဖို့အခြားအကြံထုတ်ရမယ်...ဟုတ်တယ်ကိုကို့အိမ်သွားလည်ရမယ် အိုမားကမေးနေတယ်ဆိုတော့ ကိုကိုဆူလည်းခံလိုက်တော့မယ်...
>>>>
ဂျောင်ကုလေးအိမ်လာလည်တာမို့
ဆော့ဂျင်အမေ သဘောကျနေမိသည်...စမြင်ကတည်းက ဖြူစင်ပြီး သားငယ်အပေါ်မြတ်နိုးမှုတွေက ဒီကလေးမျက်၀န်းမှာအပြည့်ရှိနေတာ မြင်ခဲ့ရသည်လေ...
"လာဂျောင်ကု မင်းအစ်ကိုကိုခေါ်လာပါပြောတော့
မင်းကအလုပ်မအားဘူးတဲ့လေ...."ဟုတ်အိုမား ဒယ်ဒီ့အလုပ်မှာ ၀င်လေ့လာနေလို့ပါ....
အိုမားတို့အိမ်လာဖို့တော့ အချိန်ရပါတယ်
အစ်ကိုကမခေါ်ချင်တာနေမှာ....""ကောင်းပါတယ် ဂျောင်ကုကလိမ်မာတာပဲ
..""ဟုတ် ဒယ်ဒီခရီးကပြန်လာလို့ ကျွန်တော်လက်ဆောင်နည်းနည်းသယ်လာတယ် အိုမား ..."
"နောက်ယူမလာပါနဲ့သားရယ် အရင်ခေါက်လည်းအများကြီးပဲကို အားနာစရာ
ညစာစားပြီးမှပြန်နော်
ခဏနေမင်းအစ်ကိုတို့လည်းပြန်လာကြမှာ......""ဟုတ်အိုမား.."
ဆော့ဂျင်အမေနဲ့ ဂျောင်ကုကတော့ရယ်ရယ်မောမောစကားတွေကောင်းနေကြတော့သည်...."