ဆော့ဂျင် မနက်ခင်းအိပ်ယာနိုးလာတော့
အခန်းကြမ်းပြင်မှာစောင်နဲ့လုံးပြီး အိပ်ပျော်နေတဲ့
သူရဲ့ယုန်လုံးကလေးကို ကုတင်ပေါ်ကထိုင်ကြည့်နေမိသည်...
ပါးစပ်ကလေးဟပြီး အိပ်ပျော်နေတာများ
တကယ့်ကလေးလေးလိုပဲ...ညတည်းက ကုတင်ပေါ်အတူအိပ်ရအောင်ဆိုတာဘယ်လိုမှပြောမရ...
သူကအတင်းဖိခွပြီး အိပ်တက်လို့ ဆော့ဂျင်ဒဏ်ရာကိုထိမှာကြောက်လို့ဆိုပြီး
အတင်းကြမ်းပြင်ပေါ်ဆင်းအိပ်တာ...."အင့် အင်းးးး
ကိုကို နိုးပြီလား မောနီးချစ်တယ်...""စောသေးတယ် ကုတင်ပေါ်မှာခဏလာမှိန်းနေလေမောင်ရဲ့...."
မွ ..မွ.. မွ
ကုတင်ပေါ်ကုတ်တက်ပြီး သူ့မျက်နှာအနှံ့အနမ်းတွေပေးနေတော့သည်..."မောင်ညစ်ပတ်အိုးလေး မျက်နှာမသစ်ရသေးတာကို...."
"မောနီး kiss ...."
"မောင် ငါကင်ထယ်ယောင်းနဲ့ တွေ့ဖို့ဆုံးဖြတ်လိုက်တယ်..."
"ကောင်းပါတယ်ကိုကိုရဲ့ မောင်ရောလိုက်လို့ရလား
ဘယ်တော့သွားတွေ့မလဲဟင်...""လိုက်ရမှာပေါ့ မောင်ရဲ့
ပတ်ဂျီမင်းလာဆက်သွယ်တာကိုပဲ စောင့်ရမယ်ထင်တယ်
ငါကသူတို့ဘယ်မှာနေမှန်းမသိဘူးလေ....""အင်းပါ မောင်ဒီနေ့ခွင့်ယူပြီး ကိုကို့နားနေပေးမယ်နော်...."
"ငါကအလုပ်သွားမှာမောင်ရဲ့...."
"ကိုကိုကလည်း တစ်ရက်လောက်တော့အနားယူလိုက်ပါနော်...."
"ငါလည်းဘာမှ ဖြစ်တာမဟုတ်ဘဲနဲ့ မောင်ရယ်
....
ငါလုပ်စရာတွေရှိနေရင် လူကနားနေပေမဲ့
စိတ်က အဲဒီလုပ်ရမဲ့အလုပ်တွေဆီပဲရောက်နေတာ
ပိုပင်ပန်းရတယ် သိလား....""ဟင်း ဒါဆိုမောင်လိုက်ပို့မယ်နော်..."
"ဒီနေ့တော့ အာပါးတို့နဲ့လိုက်သွားမယ်
နောက်နေ့တွေမှမောင်လိုက်ပို့ပေးဟုတ်ပြီလား....""အင်း ချစ်တယ်..."
"ငါရောပဲ..."
မွ