"နဲ အိုးမားးး
မဟုတ်ပါဘူးး ညစာအိမ်မှာပဲစားမှာ ခုပြန်လာပြီနော်
ချစ်တယ်အိုမား..."
ကိုကို့အမေဖုန်းခေါ်လာခြင်းပင်
သူ့အပေါ် စွာတေးလန်စကားပြတ်ပြတ်ပြောတက်တဲ့အစ်ကိုက အမေနဲ့ကျတော့
ချွဲနေလိုက်တာ ကလေးပေါက်လေးလိုပဲ.....သူကတော့ စားခါနီးမုန့်အလုခံလိုက်ရသလို
ခံစားနေရတာမို့ မျက်နှာငယ်လေးဖြင့်သာကိုကို့ကိုကြည့်နေမိသည်...."အစ်ကို အိိမ်ပြန်မှာလားဟင် ...."
"အိုမားက ညစာအပြင်မှာစားမှာလားမေးတာ
ငါကအလုပ်ပြီးရင်အိမ်ပဲတန်းပြန်လေ့ရှိလို့....
မင်းလည်းပြန်တော့...."
ဂျောင်ကုအောင့်သက်သက်ဖြစ်ရပေမဲ့
ထက်တွန့်် မတက်ရဲဒီအခြေအနေဆို ကိုကိုနဲ့သူကအများကြီးအဆင့်တက်လာပြီပဲမဟုတ်လား...
ဖြေးဖြေးချင်းပဲ သွားကြတာပေါ့ကိုကိုရာ...သို့သော် ခန္တာကိုယ်ကတော့အဆင်ပြေမနေ...
"အစ်ကို အစ်ကို့ toilet ခဏသုံးပြီးမှပြန်လို့ရတယ်မလားဟင်....."
ဂျောင်ကုလည်းမျက်နှာပူပူနဲ့သာခွင့်တောင်းလိုက်ရတော့သည်....
ကိုကိုက မျက်နှာလေးရဲပြီး ရှက်သွားပုံရပေမဲ့
ရတယ်ဟု ခပ်ပြတ်ပြတ်ပြောပြီး ပြန်သွားသည်...
ခပ်လှမ်းလှမ်းရောက်တော့ သူ့ကိုအော်ပြောသွားသေးသည်...
မင်းကို ငါ့ကွန်ဒိုထဲ၀င်ခွင့်ပိတ်လိုက်ပြီတဲ့....
အဟင်း ကိုကို့ကွန်ဒိုမှာမဟုတ်လည်း ရပါတယ်လို့တော့ပြန်မပြောဖြစ်လိုက်...
ရှက်ရမ်းရမ်းပြီး လာဆွဲထိုးလောက်သည်...>>>>
ကင်ဆော့ဂျင်ရေ အပြောတစ်မျိုးအလုပ်တစ်မျိုးတွေကြီးပါလား
ဂျောင်ကုဆိုတဲ့ကောင်လေးနဲ့တွေ့ရင်
ဘာလို့အကုန်မေ့သွားရတာလဲ....
ရှက်လိုက်တာ...
ငါကအရမ်းလွယ်တဲ့ပုံပေါက်သွားတယ်ထင်တယ်.....အား မသိတော့ဘူး အဲဒီယုန်ရုပ်နဲ့ လူဆိုးကောင်ကြောင့်ပဲ ဟုတ်တယ် ငါမြူဆွယ်ခံလိုက်ရတာ
ဘာမှမတွေးနဲ့ ကင်ဆော့ဂျင် ခုအိုးမားပြင်ပေးမဲ့အရသာရှိတဲ့ညစာအကြောင်းပဲတွေးရအောင်.....ဆော့ဂျင်အိပ်ယာထဲရောက်တဲ့ထိ ဂျောင်ကုကအတွေးထဲ၀င်နောက်ယှက်နေသည်...