"ကိုကို အိပ်ပုတ်ကလေး မောင်အသဲပေါက်လေး
အိပ်ရေးမ၀သေးဘူးလား.ကွာ....."နားရက်မှာ နောက်ကျတဲ့ထိ အိပ်နေတဲ့ဆော့ဂျင်ကို
ဆံပင်သပ် ပါးလေးဖွဖွနမ်းပြီး လာနှိုးနေရှာတဲ့ဂျောင်ကု...."မောင်.....
အိပ်....ဦး....မယ်....."ဒီအသံအနေအထားအရ ကိုကိုတော်တော်နဲ့မထဘူးဆိုတာနားလည်လိုက်တာမို့ ဂျောင်ကုဆက်စောင့်နေလို့ဖြစ်တော့....
"ကိုကို မောင်အပြင်သွားစရာရှိလို့
ပြန်လာတာနောက်ကျမှာ
မနက်စာပြင်ပေးခဲ့တယ်နော်....
နေ့လည်အတွက်လည်း ဟင်းအရံတွေတော့ရှိတယ်
အဆင်ပြေတယ်မလားဟင်...""အင်း......
သွား......လေ.....မောင်"ပြွတ်...
"မောင်ဘယ်သွားတယ်ဆိုတာ ပြန််လာမှသေချာရှင်းပြမယ်နော်...."
"အွန်းးးး"
"ချစ်တယ် အိမ်မှာကောင်းကောင်းနေခဲ့နော်...."
"သွားးးတော့လို့...."
ကိုကိုက အဆိုးလေး သူစိတ်မချလို့ပြောနေပေမဲ့
အိပ်ချင်နေတဲ့ကိုကို့အတွက်တော့ အနှာင့်အယှက်သာဖြစ်နေပုံရသည်...ပြွတ်
ဆူထော်နေတဲ့ ဆော့ဂျင်နှုတ်ခမ်းလေးကို တစ်ချက်နမ်းပြီး ဂျောင်ကုအပြင်ထွက်သွားသည်....
......
မနက်က အိပ်ချင်မူးတူးနဲ့မို့ နိုးလာတော့ ဂျောင်ကုဘာတွေပြောသွားလဲ ဆော့ဂျင်ပြန်စဥ်းစားနေရသည်
အပြင်သွားစရာရှိတယ် ပြန်လာမှဘယ်သွားတယ်ဆိုတာရှင်းပြမယ်လို့ ပြောသွားတာပဲ...
နားရက်တွေမှာ အမြဲဘေးနားရှိပြီး ပွတ်သီးပွတ်သပ်လုပ်တက်တဲ့ ကောင်ဆိုးလေးမရှိတော့ ဆော့ဂျင်စိတ်ထဲဟာတာတာနဲ့ ပျင်းနေရသည်....
မကောင်းတဲ့ လူဆိုးကောင်ပဲ ဂျောင်ကုက
ငါ့ကို အကျင့်ပျက်အောင်လုပ်ထားတာ
အရင်ဆို တစ်ယောက်တည်း နေနေကြကို...
ဟူးးးးး မတွေ့တာနေ့၀က်ကိုတောင် လွမ်းသလိုပဲ....