ပဲရစ်မှာ ဂျောင်ကုအဖေ သူတို့အတွက်စီစဥ်ပေးထားတဲ့ သင်တန်းကျောင်းက သူတို့အတွက်အတွေ့အကြုံအများကြီးရစေခဲ့တယ် တကယ့်အထင်ကရ catwalk show တွေထိလက်တွေ့သွားရောက်လေ့လာခွင့်ရခဲ့တယ်....
ပဲရစ်က ဆော့ဂျင်ဟာ လာခါနီးတုန်းက ကလေးပေါက်လေးလိုအီနေတဲ့ကောင်လေးမဟုတ်တော့ မြူးကြွပျော်ရွှင်နေတဲ့ ဆယ်ကျော်သက်ကောင်ငယ်လေးအသွင်ပြောင်းသွားသည်...
နားရက်တွေမှာ လျှောက်လည်ကြသည်
နာမည်ကြီးအစားအသောက်တွေ မြည်းစမ်းကြသသည်...
သဘောကျတဲ့မြို့မှာ ချစ်ရသူနဲ့အတူရယ်မောပျော်ရွှင်နေရတာထက် ပိုကောင်းတဲ့အရာမျိုးရှိမည်မထင်...."မောင် ငါ့ကို ဒီနားလေးမှာပုံရိုက်ပေးဦး....
နားရက်မှာ လျောက်လည်ရင်း ပို့စ်တွေပေးပုံရိုက်ခိုင်းနေတဲ့ ဆော့ဂျင်ကို ဂျောင်ကုပြုံးပြုံးကြီးငေးကြည့်ရင်း စိတ်တိုင်းကျရိုက်ပေးနေမိသည်...ဂျင်းဘောင်းဘီအနက်ဒူးအထက်လောက်ကလေးနဲ့ မိုးပြာအောင်အိုဗာရှပ် တွဲ၀တ်ထားတဲ့ဆော့ဂျင်က
တကယ့် 15 နှစ်သားလေးလို ပေါ့ပါးတက်ကြွချစ်စရာကောင်းနေခဲ့တာ....
ဘေးကဖြတ်သွားတဲ့သူတွေကို လှည့်ကြည့်ရင်းပြုံးမိစေမိတဲ့အထိပဲ...."ကိုကိုရေ ပြန်ကြတော့မလားဟင်...."
"ဘာလဲ မောင်ကငါ့နောက်တကောက်ကောက်လိုက်ပေးနေရလို့ ငြိုငြင်တာလား...."
ခြေထောက်ဆောင့်နှုတ်ခမ်းဆူပြနေတဲ့ ဆော့ဂျင်က
တကယ်ပြေးနမ်းပစ်ချင်စရာအတိ...."လုံး၀မငြိုငြင်ပါဘူး ကိုကိုရဲ့ မောင်တို့နားရက်ကလေးမှာ ကိုကိုနဲ့နှစ်ယောက်တည်းရှိချင်လို့ပါ...."