ဂျောင်ကု နမ်ဂျွန်းကိုခဏလောက်ရစ်ပြီးမှ လိပ်စာပေးလိုက်သည်....
"ကျေးဇူးပဲငါပြန်တော့မယ် ဆော့ဂျင် အနိုင်ကျင့်မခံခဲ့နော် တစ်ခုခုဆို hyung ကိုခေါ်လိုက်..."
အော်လိပ်စာလည်းရရော အချိုးပြောင်းသွားတာပဲ
ဒီယောက်ဖကတော့ကွာ..
စိတ်ထဲကပါပဲ အပြင်မှာတော့ထုတ်မပြောရဲဘူးလေ...
"ဂရုစိုက်ပြန်နော် hyung. ""ကောင်းကောင်းပြန်ပါခင်ဗျ..."
အဟင်းမြန်မြန်ပြန်တာကောင်းတယ် အဲဒါမှကိုကိုနဲ့ပလူးလို့ရမှာ....
"ကိုကို သွားအိပ်ရအောင်...."
"ငါခုမှအစားစားပြီးခါစလေ ဘယ်လိုဖြစ်နေတာလဲဟမ်....."
"မောင်လည်းဆာလို့ပေါ့ ဗိုက်တော့မဟုတ်ဘူးဟဲဟဲ...."
"ငါ့ကို ကုန်တိုက်ခဏပို့ပေးဦး....
ငါဒီမှာအမြဲလာနေဖြစ်မှာဆိုတော့ သုံးနေကျပစ္စည်းတွေ၀ယ်ထားမလို့.....""ခဏလောက်အိပ်ပြီးမှသွားကြမလား...."
"ရား ဒီကောင်လေးကတော့ နေ့ခင်းကြောင်တောင်ကိုဘာလို့အိပ်ယာထဲအတင်းခေါ်ချင်နေတာလဲဟမ်
မင်းအဲလောက်ထန်နေလား....""ကိုကိုကလည်း ကိုကို့ကိုမြင်ရုံနဲ့ စိတ်ကဖြစ်ဖြစ်လာတာ ဘာတက်နိုင်မှာလဲလို့..."
မသိရင်သူကိုပဲအနိုင့်ကျင့်နေသလို မျက်နှာငယ်လေးနဲ့လုပ်နေသေးတာ ဂျွန်ဂျောင်ကုတို့က
ဆော့ဂျင် ဂျောင်ကုနဲ့နေရတာသဘောမကျတာတော့မဟုတ်ပေမဲ့ ကိုယ့်လူအကြောင်းကိုယ်အသိဆုံးပဲမလား....
နေ့ခင်းဘက် အလိုလိုက်ပြီးနေပေးလည်း
ညဘက် လွတ်မှာမှမဟုတ်တာ...
သူသာဖလက်ပြသွားမယ်..
ဒီကောင့်အားအင်တွေကကုန်ကိုမကုန်တက်တာသူလက်မခံရင် အတင်းအကျပ်တွေမလုပ်တက်တာ
တော်သေးသည်ပြောရမည်...."ကုန်တိုက်အရင်သွားမယ်ဟုတ်ပြီလား
ပြန်လာမှမင်းသဘော....""အွန်းပါ ကိုကို့သဘောပဲနော်...."
>>>
ကုန်တိုက်ရောက်တော့ ဂျွန်ဂျောင်ကုတို့ကတော့
စျေးခြင်းတွန်းပေါ့
ကိုကိုပေါက်စကတော့ လိုတာတွေအကုန်ကောက်ထည့်နေတော့တာပဲ.....