"ကိုကိုရေ ...
မောင်အကုန်ပြင်ဆင်ပြီးပြီ....""အင်း အတူစားရအောင်လေမောင်..."
ဆော့ဂျင်စိုးရိမ်နေတဲ့အမူအယာတွေကို သိမ်း၀ှက်ရင်း ဂျောင်ကုနဲ့အတူနေ့လည်စာစားနေလိုက်သည်...
"ကိုကိုဒါလေးမောင်အခွံခွာပေးမယ် ကျောက်ပုစွန်လေကိုကိုကြိုက်တယ်မလား..."
"အင်း ကျေးဇူး..."
"ကိုကို တစ်ခုခုဖြစ်နေလားဟင် နေမကောင်းဘူးလား မောင်ချက်ပေးတာစားမကောင်းလို့လား....."
အရင်ဆို အားရပါးရစားတက်တဲ့ ကိုကိုက
ခုတို့ခနဲဆိတ်ခနဲလုပ်ရင်း ငိုင်နေတာမို့ ဂျောင်ကုစိတ်ပူနေမိသည်....ကိုကို့မျက်နှာလေးကို အရိပ်တကြည့်ကြည့်လုပ်နေရတဲ့သူမို့ ကိုကိုစိတ်ရုတ်ထွေးနေရတာကိုသိသည်
ခက်တာကအကြောင်းအရင်းကို တွေးမရတာပဲ..."မောင်ငါမစားချင်တော့ဘူး ပင်ပန်းသလိုခံစားနေရတယ် ခဏလောက်အိပ်လိုက်ပြီးမှ စားတော့မယ်..."
"ကိုကို့သဘောနော် လာမောင်ချီပြီးအိပ်ယာပေါ်ပို့ပေးမယ်"
အိပ်ယာပေါ်ရောက်တော့ ဂျောင်ကုကပါသူနဲ့အတူစောင်ခြုံပြီး အိပ်ဖို့လုပ်နေသည်....
ဆော့ဂျင်စိတ်ထဲ မတင်မကျ မသက်မသာဖြစ်နေတာမို့ ဂျောင်ကုကိုကြည့်လိုက်တော့
ပြောင်းလဲခြင်းမရှိတဲ့ အချစ်မျက်၀န်းတွေနဲ့ပြုံးပြနေသည်...မင်းကတော့ ငါ့ကိုနာကျင်အောင်မလုပ်လောက်ဘူးမလား မောင်....
"မောင်...."
"အင်းကိုကို...."
"ခုဏမောင့်ဖုန်းထဲ message ၀င်သံကြားတယ်
စစ် ကြည့်လိုက်ဦးအရေးကြီးတာဖြစ်နေမလားလို့.....""ကိုကိုကဘာလို့မကြည့်လိုက်တာလဲ
မောင်ပြောဖို့မေ့နေလို့ မောင့်ဖုန်း password ကကိုကို့မွေးနေ့မို့ ကိုကိုအချိန်မရွေးဖွင့်ကြည့်လို့ရတယ်....""ငါ ငါအဲလိုမလုပ်ချင်ပါဘူး
မောင့်ရဲ့ privacy ကိုငါမချိုးဖောက်ပါဘူး...""မောင်ကကျေနပ်တာမိို့ အဲလိုလုပ်လည်းရပါတယ်...
ခဏနော် မောင်စစ်ကြည့်လိုက်ဦးမယ်...."ဆော့ဂျင် ဂျောင်ကုကိုမသိမသာအကဲခတ်နေလိုက်သည်
ဖုန်းကိုင်ရင်း ဖြစ်သွားမဲ့ဂျောင်ကုရဲ့ reaction ကိုသူနားလည်အောင်လုပ်ဖို့လိုတယ်မလား