-3-

6.5K 481 1
                                    

UNICODE//

ညည့်နက်နေပေမဲ့ မီးရောင်ဖွေးဖွေးဖြင့်ခြံဝန်းတစ်ခုလုံးလင်းထိန်နေသည်မှာနေ့အလား။

ချိန်းအိမ်ထဲရောက်တော့ဖုန်းပြောနေတဲ့မေ့မေ့အသံကိုကြားနေရသည်။

"ဟုတ်တယ်မမ သေချာချန်ပေးထားတယ်"

"......"

"အရောင်လေးကညီမလေးနဲ့ဆိုလိုက်တယ်"

"......"

"ဒါဆိုကုန်တိုက်မှာမတင်တော့ဘူး ညီမလေးဆီကိုပဲ တိုက်ရိုက်ပို့လိုက်တော့မယ်..ရပါတယ်ဒီလူနဲ့ဒီလူကိုအားနာနေစရာမလိုပါဘူး.."

ဖုန်းပြောနေရင်းသူ့ကိုမြင်တော့ နေဦးဆိုတဲ့သဘောနဲ့ လက်ကာပြသည်။ ထို့နောက်ထိုင်နေဟုဆိုကာ လက်ညှိုးနဲ့ဆိုဖာပေါ်ကို တဆက်ထဲညွှန်ပြသည်။

ချိန်းခြေလှမ်းတွေရပ်ပစ်ပြီး ဧည့်ခန်းကဆက်တီဆီသို့ မျက်နှာမူသည်။ထို့နောက်ခြေလှမ်းလာပြီး ဆက်တီရဲ့ဘေးခုံမှာဝင်ထိုင်သည်။

"ဒါဆိုလဲ ဒါပဲနော် မမဖုန်းချလိုက်တော့မယ်"

ပြောပြီးသူ့ဘက်ကိုပါ တစ်ခါတည်းကြည့်လာသည်။

မေ့မေ့မျက်နှာကိုသူ တည်ပြီးကြည့်လိုက်လျှင်...

"သားကိုမေမေကခုမှတွေ့ရတာဆိုတော့ မေမေ့ဆီမှာသားကိုမေးစရာတွေရှိနေတယ်...သားဘာတွေလုပ်နေတာလဲ ချိန်း"

ချိန်းမျက်နှာကရှုတည်တည်နှင့်ဘာမှပြောမလာတော့ သူမကပဲဆက်၍...

"ချိန်း..သားကိုမေမေပထမဆုံးပြောချင်တာက သားလောင်းကစားပါ ဝါသနာပါနေပြီလား ဟင် ပြောပါဦး..သားကိုဆိုးတယ်ကောင်းတယ်လို့မေမေတို့ ဝင်မပြောဘူးဆိုတာသားကိုဂရုမစိုက်တာမဟုတ်ဘူး...သားကိုမေမေတို့ကလွတ်လပ်ခွင့်အပြည့်ပေးထားပြီးသား သားရဲ့လူငယ်ဘဝကိုမေမေတို့ကဝင်ပြီးမစွက်ဖက်ချင်လို့ သားပျော်ရာလုပ်ပါစေဆိုပြီးမေမေတို့ကလွှတ်ထားပေးတာ သားဘိုးဘိုးကလည်းသားကိုချုပ်ချယ်ရင်မကြိုက်ဘူး သားကိုဆူရင်မကြိုက်ဘူး ဒါပေမယ့်မေမေကတော့ပြောရမှာပဲငါ့သား"

ဆက်တိုက်ပြောပြီးမောသွားဟန်ဖြင့်ခဏရပ်ပြီးမှမေးလာသည်။

Because of YouWhere stories live. Discover now