UNICODE//
"ဒီမှာကျောင်းတက်ရတာ တော်တော်ပျော်တယ်ထင်တယ်"
ကျောင်းသွားဖို့အရေးတက်ကြွနေတဲ့ တူဖြစ်သူကိုကြည့်ပြီး ဒေါ်လေးလေးမြင့်မားပြောလိုက်သည်။ဟိုအရင်တုန်းကတော့ ကျောင်းတက်ဖို့အရေးဒင်းဖင်ကိုပဲမနေရသည်။သားရယ်သွားလိုက်ပါ သားရယ်အောင် အောင်ဖြေလိုက်ပါ။သားကဥာဏ်ကောင်းပါတယ်ဆိုပြီးပြောရတာ ပါးစပ်ကပင်အမြှုပ်ထွက်မတက်။အန်တီလေးတို့သဘောထားကိုသားကလိုက်လျောလိုက်တာနော် အရမ်းကြီးစိတ်ဝင်စားတာမျိုးမဟုတ်ဘူးဆိုပြီး နေချင်သလိုနေ ကျောင်းဆိုလည်း သွားချင်မှသွားတာပါ။အခုကျမှ ဘယ်လိုဖြစ်လို့ ဒီလောက်တောင်တက်ကြွနေလည်းမသိဘူး။မှန်းစမ်း...နေများမကောင်းလို့လား။စဉ်းစားရင်းနဲ့ လက်ကလည်းမြင့်မားရဲ့နဖူးကို ယောင်ပြီးစမ်းလိုက်သည်။
"အန်တီလေးကလည်း ဘာလာရှုပ်ပြန်တာလဲ ဒီမှာဘာဝတ်ရမှန်းမသိလို့ စိတ်ညစ်နေပါဆို"
နဖူးပေါ်ကလက်ကိုလည်းဆွဲခွါသည်။ပြောလိုက်တာလည်းရှုံ့မဲ့လို့။ကိုယ်တစ်ပိုင်းကဗလာဖြစ်နေပြီး အောက်မှာတော့ ဂျင်းဘောင်းဘီရှည်ဝတ်ထားသည်။အဝတ်တွေကိုဆွဲယူလိုက် ကိုယ်မှာကပ်လိုက် ပြန်ချလိုက်နဲ့။
"နင်ဖွထားတာလည်း ကြည့်လိုက်ဦး"
ဒေါ်ထားထားမြင့်မားက မြင့်မားဆွထားတဲ့ ဗီရိုရှေ့မှာရပ်ပြီး အင်္ကျီတွေကို အင်္ကျီချိတ်တွေမှာ ပြန်ချိတ်ရင်းပြောလာသည်။
"ယောကျ်ားလေးပဲ ဝတ်လိုက်စမ်းပါ ဘာဖြစ်ဖြစ်"
"အန်တီလေး မသိပါဘူး"
"ဘာမသိရမှာလဲ"
ဒေါ်လေးလေးမြင့်မားမေးတာကို အာရုံမရတော့ဘဲ...၊
"ငါဘာဖြစ်လို့ ဒီလောက်များတဲ့ ဟူဒီတွေဝယ်ထားမိတာလဲ ကျစ်...ခုကျရှာမရတော့ဘူးမှန်းစမ်း ဒီအင်္ကျီဆိုရင်ရော"
ပြောပြီး နက်ပြာရောင်ရှပ်တစ်ထည်ကို ကိုယ်မှာကပ်ကြည့်သည်။
"နင်ပဲ အရင်ကတော့ ကြိုက်လှချည်ရဲ့ဆို ဒါမှ နုပျိုငယ်ရွယ်တာဆို"
YOU ARE READING
Because of You