UNICODE//
"အင်ပါယာရဲ့ဆက်ခံသူမျိုးဆက်တည်တံ့ရေးအတွက်ရင်လေးစရာတွေဖြစ်လာတော့မှာလား"ထိုသတင်းတစ်ခုက အလင်းအလျှင်နှင့်ပြန်နှံ့နေသည်။လူပေါင်းများစွာထိုသတင်းကို အင်တာနက်စာမျက်နှာမှာ တိုးကြိတ်ရှာဖွေနေကြသည်။စီးပွါးရေးသတင်းတွေမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်နေသည်။
"ဒုန်း..ဒုန်း..ဒုန်း"
တံခါးခေါက်သံကအဆက်မပြတ်ထွက်ပေါ်နေသည်။ပုံဆောင်တဒုန်းဒုန်းထုနေတဲ့တံခါးကိုအင်္ကျီ ဝတ်နေရင်း လည်ပြန်ကြည့်လိုက်တော့ချိန်းပြောလိုက်သည်။
"ငါသွားဖွင့်လိုက်မယ်"
ချိန်းတံခါးသွားဖွင့်လိုက်သည်နှင့် မင်းခမ်းနားရဲ့မျက်နှာကြီးက ဘွားခနဲပေါ်လာသည်။
"တံခါးကို ဒီလောက်တောင်ထုနေတာဆိုတော့ မင်းအဖေများနောက်မိန်းမယူသွားလို့လား"
"ငါ့အဖေနောက်မိန်းမယူတာထက်ဆိုးလို့ဟေ့"
ပြောပြီး ချိန်းကိုတွန်းဖယ်၍ တစ်ခါတည်းဝင်ချလာသည်။
"သိတယ် မင်းတို့နှစ်ယောက်လုံးဘာမှမသိသေးဘူးဆိုတာ"
"ရော့"
သူ့ဖုန်းကိုလှမ်းပေးတော့ချိန်းဆွဲယူကြည့်လိုက်သည်။ဘာများဖြစ်လို့ပါလိမ့်။မျက်လုံးကစခရင်ကိုရောက်သွားသည်နှင့်...၊
"အင်ပါယာရဲ့ တရားဝင်ဆက်ခံသူအဖြစ်မကျေငြာရသေးတဲ့ ဆက်တိုက်ချိန်းဆိုသူနှင့် သူ့ချစ်သူကောင်လေး ပဋိပက္ခဖြစ်"
"ယမန်နေ့ညက အင်ပါယာဟိုတယ်ရဲ့ ကားပါကင်တစ်ခုမှာဖြစ်ပြီး သူ့ချစ်သူကောင်လေးနှင့်ဆက်တိုက်ချိန်း စိတ်အခန့်မသင့်ဖြစ်ပြီး ချစ်သူကောင်လေးဖြစ်သူက သူ့ကားပေါ်မှ ဒေါသတကြီးဆင်းသွားသည်။ကားပေါ်မှာလည်း နှစ်ဦးသား အော်ဟစ်ရန်ဖြစ်ပြီး သူ့ကောင်လေးကားပေါ်မှဆင်းသွားသည်ကို ဆက်တိုက်ချိန်းကလည်း အလျင်စလိုဆွဲချော့သည်။နှစ်ဦးသားက ပြန်လည်အဆင်ပြေသွားပြီး အနမ်းဂဟေဆက်နေသည့်ပုံများကလည်း အင်တာနက်အသုံးပြုသူများကို တအံ့တဩဖြစ်ရစေသည်။ဝေဝါးနေတဲ့ သူ့ချစ်သူကောင်လေးက မည်သူမှန်းအတိအကျမသိရသေးပေ။ထိုသူနှစ်ဦးက အမှန်တကယ်ဆက်စပ်ပက်သတ်နေသူများလား။ဆက်တိုက်ချိန်းဘက်က အတည်တကျပတ်သက်တာရောဖြစ်နိုင်ရဲ့လား။ဆက်ခံသူအဖြစ်မကြေညာပဲ လျှို့ဝှက်ထားခဲ့ခြင်းက အင်ပါယာရဲ့အနာဂတ်နှင့် သက်ဆိုင်နေရဲ့လားဆိုသည့်သတင်းနှင့်အတူ ယနေ့ရေပန်းစားနေတဲ့သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး တွေးကြည့်လိုက်ရအောင်။သူတို့ရဲ့အချစ်အတွက်ရော သူတို့နှစ်ယောက်ဘယ်လိုမျိုး ရှေ့ဆက်ရင်ဆိုင်ကြမလဲ။ဒါ့အပြင် အင်ပါယာအနေဖြင့် အဆိုပါကိစ္စကို မည်ကဲ့သို့လိုကိုင်တွယ်လာလိမ့်မလဲဆိုတာကိုစောင့်မျှော်ရင်း နောက်ထပ်အသစ်အသစ်သော သတင်းတွေနဲ့အတူဆက်လက်တင်ပြပေးလာပါမည်"
YOU ARE READING
Because of You