-5-

6.5K 397 7
                                    

UNICODE//

ကွင်းတစ်ခုလုံးမှာမီးရောင်ပေါင်းစုံ၊ကားပေါင်းစုံ၊လူပေါင်းစုံဖြင့် ပြည့်လျှံနေသည်။ဘယ်သူ့ကားကဖြင့်ဘယ်လိုကား။ဘယ်သူဝတ်တာဖြင့်ဘယ်လို။ထိုသို့သော အသံပေါင်းစုံမှာဆူဆူညံ။

နောက်ခံအသိုင်းအဝိုင်းကောင်းတဲ့ အလွန်အင်မတန်မှကို ချမ်းသာတဲ့ သူတွေရဲ့သားသမီးများက သူတို့ရဲ့ပိုင်ဆိုင်ထားတဲ့ပိုက်ဆံတွေကို ဘယ်လိုဖြုန်းတီးပြီးအပျော်ရှာရမလဲပဲတွေးနေသလားမသိ။ပတ်ပတ်လည်ဧရိယာတစ်ခုလုံးမှာပင် ငွေနဲ့တသင်းသင်း ဝိုင်နံ့တသင်းသင်း။

ထိုစဉ်ကားနှစ်စီးက လေပြင်းကဲ့သို့အရှိန်ဖြင့် ဝင်လာသည်နှင့် အသံအားလုံးငြိမ်သက်သွားသယောင်။ကားထဲမှထွက်လာသူနှစ်ယောက်၏ အရှိန်အဝါမှာလည်း မြင်လိုက်သည်နှင့်ပင်ရှိန်စရာ။

ထိုထွက်လာသူနှစ်ယောက်က လူရှာသလိုနဲ့ လူအုပ်ကြီးကိုဝေ့ကြည့်လိုက်ပြီး လျှောက်လှမ်းလိုက်သည်မှာ ပစ်မှတ်တစ်နေရာထဲသို့ တစိုက်မတ်မတ်။

"ချိန်း..ငါ့ကောင်မိုက်လှချည်လား"

အနားရောက်တော့ မင်းခမ်းနားရော ဝဏ္ဏရောက သူ့ကားကိုလှမ်းကြည့်ပြီးပြောလိုက်သည်။

"နေဦး..ငါ့ကိုရေဘူးပေးစမ်းပါ ပုံဆောင်ရေဆာနေလို့"

ချိန်းသူတို့မေးတာကို မဖြေနိုင်သေးဘဲ လှမ်းတောင်းလိုက်သည်က ရေသန့်ဘူး။

"ပုံဆောင် မင်းဘေဘီလေးကရောမိုက်လိုက်တာ..တကယ်ကိုအလွင့်ကြီး မင်းရောပြိုင်မှာမဟုတ်လား"

ပြောရင်းရေသန့်ဘူးကိုမင်းခမ်းနားကချိန်းဆီသို့လှမ်းပေးပြီးပုံဆောင်ကို လှမ်းမေးလိုက်သည်။

ပုံဆောင်ကဘာမှမပြောပဲ ခေါင်းကိုဆတ်ခနဲငြိမ့်လိုက်ပြီးရေတောင်းသည်။

"မြန်မြန်ပေးစမ်းပါကွာ ဒီမှာရေဆာလှပြီ နောက်မှပြောမယ်"

ချိန်းမှတဆင့် ပုံဆောင်ဆီသို့ ရောက်သွားသောရေသန့်ဘူးမှာ အဖုံးဖွင့်ပြီးမှ။ပုံဆောင်တစ်ယောက်ရေကို အငမ်းမရသောက်တော့သည်။

Because of YouWhere stories live. Discover now