-33-

6.5K 322 24
                                    

UNICODE//
"သို့/
ချစ်ရပါသောချိန်း

ငါမင်းကိုမျက်နှာချင်းဆိုင်မပြောရဲခဲ့တဲ့ မပြောခဲ့ရတဲ့အကြောင်းတွေကိုမင်းသိစေချင်လို့...

မင်းသိတယ်မလား မင်းချစ်သူကောင်လေးကငကြောင်လေ။
ချစ်တယ်ဆိုတဲ့စကားက ငါအများကြီးမပြောဖြစ်ခဲ့တဲ့စကားလုံး။ဆိုတော့ငါအရင်ဆုံးပြောချင်တာက"ချိန်းမင်းကိုချစ်တယ်"။အများကြီးအများကြီးချစ်တယ်။ငါချစ်တယ်ဆိုတာကိုလည်းမင်းယုံပါ။ဟိုအရင်ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိပစ္စုပန်ကငါကမင်းကိုချစ်သူတစ်ယောက်လိုမျိုးချစ်တာ။ထွေးပွေ့ယုယချင်တယ်။မင်းရဲ့နှုတ်ခမ်းတွေကိုဖိကပ်နမ်းချင်တယ်။ဖက်ထားချင်တယ်။နောက်ဆုံးပြောရရင်မင်းနဲ့ပဲအချိန်တွေကုန်ဆုံးသွားချင်တဲ့အထိ။မင်းကန်ဒီလို့ခေါ်ရင် ရင်တွေခုန်တယ်။အဲ့ခေါ်သံကြားရင် ဘာမှမလုပ်ချင်တော့ပဲ မင်းမျက်နှာကိုပဲငေးကြည့်ချင်နေတော့တာ။

ငါ့ရဲ့အရာအားလုံးကပုံမှန်အခြေအနေကနေသွေဖီပြောင်းလဲသွားခဲ့ရတာလည်းမင်းကြောင့်ပါပဲ။ငါဟိုအရင်က ဘဝကိုနေပျော်သလိုပဲနေလာခဲ့တာလေ။အေးစက်စက်နဲ့ငါ့ရဲ့ပုံစံက ငါ့အနားကိုလာတဲ့လူတွေကိုတွန်းထုတ်မိတော့ ငါနဲ့ခံစားချက်တွေဆိုတာဟိုးအဝေးကြီးမှာ။ဒါပေမဲ့မင်းကြောင့်မလို့ ငါလိုမျိုးလူတစ်ယောက်ကလည်း အချစ်ကိုခံစားနိုင်ပြီး အချစ်ခံရနိုင်တဲ့လူတစ်ယောက်ဖြစ်နိုင်ပါလားဆိုပြီး သိခဲ့ရတယ်။မင်းကြောင့်ပျော်ရွှင်ခဲ့တယ်။နာကျင်ခဲ့တယ်။စိတ်လှုပ်ရှားခဲ့ရတယ်။ဘဝမှာအချစ်ဆုံးသူငယ်ချင်းကနေ အချစ်ဆုံးချစ်သူတစ်ယောက်ကိုပြောင်းလဲသွားတာဆိုတော့ ငါတို့တွေမှာညှိရမည့်ပြဿနာတွေပဋိပက္ခတွေတော့မရှိဘူးပေါ့။ပြီးတော့ယောက်ျားလေးအချင်းချင်းဆိုတော့ အကြိုက်တွေလည်းတူ စိတ်တူကိုယ်တူ။

မင်းနိုင်ငံခြားကိုမသွားချင်ရတဲ့အကြောင်းအရင်းကငါ့ကြောင့်ဆိုရင် ငါနိုင်ငံခြားကိုသွားရခြင်းအကြောင်းအရင်းကလည်းမင်းပါပဲ။မင်းနဲ့တသက်လုံးနေသွားပြီး မင်းဘေးမှာရပ်တည်ပေးချင်တယ်။အဲ့တော့ မင်းရဲ့ပါတနာအနေနဲ့ ငါကလည်း မင်းဘေးမှာရပ်တည်ဖို့ဆို မင်းကိုကာကွယ်ပေးနိုင်တဲ့အရည်အချင်းမျိုးရှိသင့်တာပေါ့။အချိန်တွေကမကြာပါဘူးဆိုပြီး ငါကိုယ်တိုင်ပဲပြောခဲ့နှစ်သိမ့်ခဲ့ဖူးပေမဲ့ ငါ့အလှည့်ကျတော့မှ အဲ့ခံစားချက်ကတော်တော်ဆိုးပါလားဆိုတာ ငါသိခဲ့ရတယ်။

Because of YouWhere stories live. Discover now